အေားကားများ
Search Results
ရုံးတက်နေတဲ့လူတွေကို မရှက်ကြဘူးလားတဲ့.. ရှက်ရမှာကသူတို့လေ အော်ပြီးငိုပြနေတယ် သေအောင်ငိုလေ အဲ့အနားလေးပဲ အသက်ထွက်အောင်ငို။ ဘာမှသနားစရာအကြောင်းမရှိဘူး။
ရန်နိုင် မင်း16 Feb 2021 · 6K views
5နှစ်နီးပါး ကြာခဲ့ပြီဆိုပေမယ့်လည်း တွေ့မိတော့ ကောင်မလေးအတွက် တ်ထဲမကောင်းဘူး😔
Jue Jue24 Feb 2021 · 710 views
গরীব ছেলেটির ঘরে বউ সেজে আসলো ডাইনী !
Borna6 Oct 2020 · 4.4K views
၂၁.၁၂.၂၀၂၀ *** သိုင်းမတတ် ခြေ စ ကန် *** စကားချီး စာဖတ်ပျင်းသော ညီအစ်ကိုတို့အတွက် အသံထွက်ဆောင်းပါးလေးဖန်တီးကြည့်ထားတာပါ။ စာဖတ်တာကတော့ ပိုပြည့်စုံပါမယ်။ လက်တမ်းပြောတာမို့လို့ တချို့အချက်လေးတွေကျန်ခဲ့လိမ့်မယ်။ ရေးကြီးအချက်အလက်တော့မကျန်ခဲ့အောင်ဂရုစိုက်ထားပါတယ်။ ဆောင်းပါးကြီးကို စကားနဲ့ပြောတာမို့ ဘယ်သူမှမလုပ်တာကြီးကိုစလုပ်မိတာ အပစ်မတင်ကြပဲ နားလည်ပေးကြပါနော။ -----*----- ခေါင်းစဉ်ကိုကြည့်ကာ ဘာလည်းဟဆိုပြီးဝေဖန်စရာရှိပေလိမ့်မည်။ ဒါဆိုရင်တစ်သက်လုံးခြေမကန်ရတော့ဘူးလား။ ခြေကန်တွေကအပိုလားမေးစရာပေါ်လာပေလိမ့်မည်။ သူနေရာနှင့်သူသာ သုံးရန်လိုသည်။ ဒီကိစ္စအောက်တွင်ဆက်ရှင်းပါမည်။ ကျွန်ုပ်၏သင်တန်းတွင် တပည့်များအားအမြဲပြောကြားလေ့ရှိသည်မှာ "သိုင်းမတတ် ခြေ စ ကန်" ဟုဆုံးမလေ့ရှိသည်။ အမှန်တကယ်တွင် လူငယ်လူသစ်များစိတ်ထဲရှင်းလင်းစွာသိထားစေရန် ဦးစွာထည့်ပေးထားသော ဒဿနပင်ဖြစ်သည်။ တိုက်ခိုက်ရေးဘက်တွင် ခြေကန်အသုံးချတိုက်ခိုက်သူ နှစ်မျိုးသာလျှင်ရှိသည်။ မည်သို့သောသူတွေဖြစ်သနည်း။ (၁) သိုင်းကွက်များကိုကျင့်ပြီးသိုင်းသိလာစေကာမူ သိုင်းမတတ်သောသူ (၂) သိုင်းကို အဆင့်မြင့်မြင့်(ဆရာအဆင့်ခန့်ထိ)တတ်ကာ ခြေအသုံးကိုပိုင်နိုင်မှုရှိပြီး မိမိကိုယ်ကိုလုံခြုံအောင်ကန်နိုင်သူ (၁) နံပါတ်တစ်အမျိုးအစားမှာ သိုင်းကိုဆရာသင်ပေးသည့်အတိုင်းကျင့်ထားသည်။ အသုံးနားလည်အောင်အထိ မဟုတ်။ အကွက်ကိုပုံစံတူလုပ်တတ်လျှင်ကြေနပ်နေသည်။ လက်တွေ့ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်အောင်ထိ ကျင့်မထား။ တိုက်ပွဲဝင်သောအခါ လက်ထက် ခြေကပိုရှည်သည်။ လင်ထက်ခြေကပိုသန် ပိုအားကောင်းသည်။ ထို့သို့သောအတွေးဝင်လာကာ ရန်သူကိုခြေနှင့် စ ကန်လျှင် ကိုယ့်ကိုဝင်မလုပ်နိုင် တိုက်ခိုက်မခံရတော့ဟု တွေးကာ ခြေကန်ကို လှိုင်လှိုင်ကြီးအသုံးချတော့သည်။ ခြေကန်ကိုတန်ပြန်တိုက်ခိုက်နိုင်သူနှင့်တွေ့တော့ ဘဝတုံးနိုင်သည်ကို မသိ။ ခြေကိုသာ ဖိ ကျင့်ကြတော့သည်။ (၂) နံပါတ်နှစ်အမျိုးအစားကတော့ ပညာရပ်တစ်ခုလုံးကို တော်တော်ပင်ကျွမ်းကျင်တတ်မြောက်ထားသူ၊ ကိုယ်ကခြေကန်သောအခါ၌ပင် ကိုယ့်ကိုယ်ကို လုံခြုံအောင်ကာကွယ်မှုပြုနိုင်သူ အဆင့်ဖြစ်သည်။ စာရှုသူသည် သိုင်းပြောင်းပြန်သမားဖြစ်လျှင် ပညာသင်ချိန်ကိုပင် နမူနာထားကြည့်နိုင်ပေလိမ့်မည်။ ပထမအဆင့်တွင် ခြေကန်လုံးဝမသင်ပေးပေ။ ဒုတိယအဆင့်ရောက်မှခြေစကန်ရသည်။ အကြောင်းမှာ မပိုင်နိုင်ပဲခြေကန်လျှင် တပည့်ဒုက္ခတွေ့မည်ကို ဆရာကသိသောကြောင့် ရှေးယခင်ကတည်းက ချန်လှပ်သင်ကြားခဲ့ကြခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ လူတိုမည်သည် ခြေနှစ်ချောင်းပေါ်ရပ်ကာ နေထိုင်သွားလာရသည်။ ခြေကို မြေပေါ်မှလွတ်အောင် မိမိကိုယ်တိုင်လုပ်သည်(ခြေကန်သည်)ကပင် အားနည်းချက်တစ်ရပ်ဖြစ်နေပေသည်။ ထို့ကြောင့် မည်သည့်သိုင်းပြောင်းပြန်ဆရာမျှ ခုန်ကန်ခြင်းအလုပ်ကို အားထားလေ့မရှိ။ အင်မတန် လွတ်ဟာနေသောအချိန်ခါကျမှပင် ပွဲသိမ်းကန်ချက်များကို သုံးလေ့ရှိသည်။ အသေးစိတ်ထပ်ရှင်းနေလျှင် စာရှည်ပေလိမ့်မည်။ ယခုလောက်ပင်လျှင် သဘောပေါက်နိုင်ပါအံ့။ ထို့ကြောင့် ပထမအမျိုးစားကို ရှေးရှုကာ "သိုင်းမတတ်ခြေ စ ကန်" ဟု ဆိုခြင်းဖြစ်သည်။ ကျွမ်းကျင်ပိုင်နိုင်မှုရှိသောအချိန်၊ ရန်သူသက်လုံကျကာ ကာကွယ်မှုမပြုနိုင်ချိန်များတွင် ပွဲသိမ်းကန်ချက်ကတော့ဖြင့် အားထားလောက်ပါသည်။ တစ်စုံတစ်ရာထင်ကျန်ကြပါစေ . . . . . နေမျိုးလှိုင် (သိုင်းပြောင်းပြန်သုတေသီ)
သိုင်းပြောင်းပြန် မုံရွာမိသားစု20 Dec 2020 · 4.1K views