မြင်မာ

Search Results

4:49
မင့်မှာ ရည်းစာများတာ ငါ့သိတဲဘာလို့ငါ့ချစ်တယ်ပြောခဲ မင်းမလို အသုံမဝင်တောမှ အကိုတစ်ယောက်လို ချစ်တယ်လိုပြောခဲ သူရဲနောက်ဆုံစကားသံ မင်း အဆင်ပြေအောင်နေပါ ကျန်းမာရေဂရုစိုက် ငါ့နေတတ် ကျေနက်နေပြီ မင်းငါ့စီပြန်မလာခဲနဲ

Myo
16 May 2019 · 81 views
4:23
မင့်မှာ ရည်းစားရှီတာ ငါ့ကို ဘာလို့ အစောကြီးကမပြောလည်း ကောင်မလေးရယ့်

ငယ်လေး ချစ်သူ
15 Aug 2018 · 323 views
3:43
ချစ်ဖူးသူရေ အပြင်လူတွေ မြင်မှာ စိုးလို့ ရင်ထဲမှာ ငိုခဲ့ရတာ သူတယောက် သိနိုင်ပါစေ

တေးသံရှင် ဇွဲဝေယံ
2 Apr · 151K views
0:11
ဘုရား ဘုရား မြန်မာပြည်ကြီးလဲဘာတွေဖြစ်ကုန်ပြီလဲ 115'မိုင်မှာ မိန်းကလေးတစ်ယောက်ကို အားကောင်းမောင်းသန် ယောကျာင်္းလေးအုပ်စုက ဝိုင်းရိုက်ကြတယ် ငါအနားမှာရှိနေ အဲ့ကောင်တေသေပြီသာမှတ်ပေါ့ကွာ စိတ်မကောင်းလိုက်တာ။

အေး မင်း
15 Mar 2016 · 3.9K views
5:39
ယခုရက်ပိုင်း အတွင်းမှာရှမ်းပြည်နယ် တစ်ခွင်နဲ့ ရှမ်းအသိုင်းအဝိုင်းကြားမှာ တေးသီချင်းတစ် ပုဒ် ခေတ်စားပြီး သီချင်းသံတွေ လွင့်ပျံနေတယ်။ တေးသီချင်းရဲ့ အမည်ကတော့ ‘နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ’တဲ့။ ‘‘ဒဏ္ဍာရီမဟုတ် အဖြစ်မှန် သည်××× ခိုင်မာအပီ ရဲတိုက်သက်သေတည်××× တော်ဝင် စော်ဘွားတစ်ပါးဧကရီ××× ရေမြေတွေကျော် လွှားလိုက်လာ ပြီ××× မဟာဒေဝီ သီပေါမြို့ ‘သုစန္ဒီ’××× ’’ သီဆိုသူ အမျိုးသားက အသံဝါကြီးနဲ့ အပီအခံ့ ဆွေးဆွေးမြည့် မြည့်သီဆိုနေတဲ့အသံက ပီပြင်လှ ပါတယ်။ ‘‘ကံကြမ္မာမုန်တိုင်း ပြင်းထန် သည်××× လာရာလမ်းသို့ မြန်းရှာပြီ××× မာရာရီ ကိန္နရီသမီး လေးနှစ်ယောက်ကို ပွေ့ချီ၊ ရွှေ ပလ္လင်ဟော်နန်း အလွမ်းကိုယ် စီ××× ’’ ‘နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ’ ဒီဗီဒီ သီချင်းချပ်ကို ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီလ ၇ ရက် ရှမ်းပြည်နယ်နေ့ က စတင်ဖြန့်ချိလိုက်တာပါ။ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ တောင် ပိုင်း၊ အရှေ့ပိုင်းနဲ့ ရှမ်းပွဲတော် ကျင်းပရာ ရန်ကုန်၊ မန္တလေးမြို့ များမှာပါ တစ်ပြိုင်တည်း ဖြန့် လိုက်တာမို့ ဒီတေးသီချင်းက ရှမ်း ထုကြားမှာ ချက်ချင်းပဲ ပျံ့နှံ့သွား တယ်။ မဟာဒေဝီ သုစန္ဒီဟာ ရှမ်း တွေရဲ့ ရင်ထဲမှာ စွဲလမ်းချစ်ခင် လေးစားခံရသူတစ်ဦးဖြစ်ပါ တယ်။ မဟာဒေဝီရဲ့ဘဝက ဝမ်း နည်းကြေကွဲဖွယ်ရာတွေနဲ့ ပြည့် နှက်နေတယ်။ ယခုလက်ရှိအခြေ အနေမှာ မဟာဒေဝီဟာ မြန်မာ့ မြေနဲ့ ကမ္ဘာတစ်ခြမ်းခြားတဲ့ တစ် နေရာမှာ နေထိုင်ရပါတယ်။ အ သက်အရွယ်က ကြီးရင့်လာပြီ။ သေခြင်းတရားက သူ့လက်တစ် ကမ်းမှာရောက်နေပါပြီ။ နှုတ်ဆက်ခဲ့ပြီ သုစန္ဒီသီချင်းဟာ မဟာဒေဝီအတွက် မြန်မာနိုင်ငံက နောက်ဆုံးနှုတ်ဆက်လိုက်တဲ့ အသံလည်း ဖြစ်ပါလိမ့်မယ်။ မဟာဒေဝီ စဝ်သုစန္ဒီနဲ့ သီ ပေါစော်ဘွား စဝ်ကြာဆိုင်တို့ရဲ့ သမိုင်းကြောင်းက စနစ်ဆိုးတစ်ခု ရဲ့အောက်မှာ လွမ်းမောဖွယ်ပါ။ ဇာတ်သိမ်းက မလှခဲ့ပါဘူး။ မဟာဒေဝီ စဝ်သုစန္ဒီက ရှမ်း အမျိုးသမီး တစ်ယောက်တော့ မဟုတ်ဘူး။ သူ့မူလအမည်က မစ္စ အင်ဂီအဲဗားဟတ် (Miss Inge Eberhasd) ပါ။ ဩစကြီးယား နိုင်ငံသူ ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်မှာ ပြည်သူလူ ထုက အသက် (၂၀)အရွယ် မိုင်း လုံစော်ဘွား စဝ်ကြာဆိုင်ကို သီ ပေါစော်ဘွားအဖြစ် တင်မြှောက် ကြတယ်။ သီပေါစော်ဘွားလေး စဝ်ကြာဆိုင်ဟာ အဲဒီအချိန်က အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့မှာ ပညာဆည်းပူးခဲ့ပြီး စီနီယာ ကန်းဘရစ် (Senior Cambridge)အောင် မြင်ပြီးပါပြီ။ ပညာလိုလားတဲ့ စဝ် ကြာဆိုင်က စော်ဘွားအဖြစ် ဘိ သိက်မခံသေးဘဲ အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် ဒင် ဗာမြို့မှာ သတ္တုတွင်း အင်ဂျင်နီ ယာပညာ သွားရောက်သင်ယူရင်း အင်ဂီနဲ့ ဖူးစာဆုံကြတာပါ။ သူတို့ အချစ်ဇာတ်လမ်းက စိတ်ဝင်စားဖို့ အလွန်ကောင်း တယ်။ စဝ်ကြာဆိုင်က သူ့ကိုယ် သူ ရှမ်းစော်ဘွားတစ်ယောက်လို့ ပြောမထားဘဲ အင်ဂီနဲ့ ၁၉၅၃ ခုနှစ်မှာ လက်ထပ်တယ်။ အင်ဂီ က လင့်မျက်နှာကို တစ်ရွာမှတ် ထင်ပြီး စဝ်ကြာဆိုင် ပြည်တော် ပြန်ချိန်မှာ မြန်မာနိုင်ငံကို အတူ လိုက်ပါလာတယ်။ ၁၉၅၄ ခုနှစ် နှစ်ဦး ဇန်နဝါရီလမှာ သူတို့စီးလာ တဲ့ ပင်လယ်ကူးသင်္ဘောကြီး ရန် ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်တော့ မယ်ဆိုတော့ သင်္ဘောပေါ်ပါလာ မယ့် စော်ဘွားကို လူတွေက ကမ်း လုံးညွတ်အောင် ကြိုနေကြတယ်။ အင်ဂီက ကြိုဆိုနေတဲ့ ပရိသတ် ကို လှမ်းကြည့်ရင်း သူတို့သင်္ဘော ပေါ်မှာ ဗီအိုင်ပီပါလာပြီလို့ သူ့ခင် ပွန်းကို ပြောတယ်။ ဒါပေမဲ့ အဲဒီအ ချိန်အထိ ဗီအိုင်ပီဟာ သူ့ခင်ပွန်း စဝ်ကြာဆိုင်လို့ သူမသိဘူး။ စဝ် ကြာဆိုင်က အင်ဂီရဲ့ အချစ်ဟာ ဂုဏ်ဒြပ်တွေကို ချစ်တာမဟုတ် ဘဲ မြန်မာနိုင်ငံသား သာမန်လူ တစ်ယောက်ကို ချစ်မြတ်နိုးတာပဲ ဖြစ်စေချင်ခဲ့တယ်။ ရွှေထီးတွေ အရောင်တဝင်းဝင်းနဲ့ ကမ်းလုံး ညွတ်ကြိုနေတဲ့ ပရိသတ်ကြီးဟာ သူတို့ကို ကြိုနေတာလို့ သိရချိန် မှာ အင်ဂီခမျာ တအံ့တဩဖြစ်ရ တယ်။ သီပေါစော်ဘွား စဝ်ကြာ ဆိုင်က အင်ဂီကို စဝ်သုစန္ဒီအမည် ပေးပြီး မဟာဒေဝီ တင်မြှောက်ပါ တယ်။ အင်ဂီက မြန်မာဘာသာ စကား၊ ရှမ်းဘာသာစကားတွေကို သင်ယူတယ်။ နိုင်ငံခြားသူတစ် ယောက်လိုမနေဘဲ ရှမ်းအမျိုး သမီးတစ်ယောက်လို ဝတ်စား ဆင်ယင်ကာ လူရောစိတ်ပါ လုံးဝပြောင်းလဲပစ်လိုက်တာ ဒေသခံ တွေနဲ့ တစ်သားတည်းနေတယ်။ သူတို့နှစ်ဦးမှာ မာရာရီနဲ့ ကိန္နရီ အမည်ရှိတဲ့ သမီးတော်နှစ်ပါးထွန်း ကားတယ်။ အနောက်တိုင်းက သတ္တု အင်ဂျင်နီယာ ပညာသင်ယူလာ တဲ့ စဝ်ကြာဆိုင်က ရှမ်းကုန်းမြေ မြင့်မှာ ဓာတ်သတ္တုတွေ ရှာဖွေ တယ်။ တူးဖော်ထုတ်လုပ်ဖို့ စီမံ တယ်။ ခေတ်အမြင်ခေတ်အတွေး တွေရှိသူမို့ အစဉ်အဆက် စော် ဘွားတွေ ခံစားနေတဲ့ လယ်ယာ မြေတွေကို အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်နေတဲ့ တောင်သူလယ် သမားတွေရဲ့ လက်ထဲလွှဲပြောင်းပေးအပ်တယ်။ စိုက်ပျိုးရေး ခေတ်မီတိုးတက်အောင် နိုင်ငံခြားက လယ်ထွန်စက်တွေ တင်သွင်းတယ်။မွေးမြူရေး ခေတ်မီတိုးတက်အောင်မျိုးကောင်းမျိုးသန့်နွားတွေ၊ ကြက်ပေါက်တွေ တင်သွင်းပေးပြီး မွေးမြူစေတယ်။ နိုင်ငံခြားသူ အင်ဂီက မဟာ ဒေဝီ စဝ်သုစန္ဒီအဖြစ်နဲ့ ရှမ်းပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးကို သူ့ ကြင်ရာတော်နဲ့ လက်ချင်းတွဲပြီး တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက်တယ်။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်းကို ဖွဲ့ စည်းထူထောင်တယ်။ ရှမ်းပြည် နယ် သီပေါဒေသမှာ မိခင်က ကလေးလေးယောက်မွေးရင် သုံးယောက်က အသက် (၂)နှစ် မပြည့်ခင်မှာ သေဆုံးတယ်။ ကလေးသူငယ်သေဆုံးနှုန်းက အင်မတန်မြင့်မားတာကြောင့် သားဖွားဆရာမတွေ ငှားရမ်းတယ်။ ခေတ်မီသားဖွားခန်းတွေ ထူထောင်တယ်။ လူနာတင်ကားခြောက်စီးကို နိုင်ငံခြားက မှာယူတယ်။ မဟာဒေဝီရဲ့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအသင်းမှာ အင်္ဂလိပ်-မြန်မာ ကပြားအမျိုးသမီးဖြစ်တဲ့ မဂ္ဂီက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါတယ်။ ဒေသခံတွေရဲ့ ပညာရေးကို မြှင့်တင်ဖို့အတွက် ‘စော်ဘွား ကျောင်း ဖောင်ဒေးရှင်း’ကို တည် ထောင်တယ်။ မဂ္ဂီကကျောင်း အုပ်ဆရာမကြီး တာဝန်ယူတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကို ခေတ်မီတိုးတက် အောင် တစ်ဖက်က ကြိုးပမ်းရင်းတစ်ဖက်မှာ ဒေသတွင်းအမြစ်တွယ်နေတဲ့ လောင်းကစား ပပျောက်ရေးကိုလည်း ဆောင်ရွက်လို့အောင်မြင်မှုတွေ ရလာတယ်။ ဒေသခံတွေက မဟာဒေဝီ ဖြစ်လာတဲ့ နိုင်ငံခြားသူကို သူတို့ဒေသရဲ့ အကျိုးကို ဆောင်တာကြောင့် ‘စဝ်မယ်’ဆိုပြီး တမြတ်တနိုးခေါ်ကြတယ်။ ‘‘စေတနာ သဒ္ဓါပွား စရိုက် တူညီ××× ‘စဝ်ကြာဆိုင်’တဲ့ ဘဝအဖော်သည်××× ဘာသာစုံရိုင်းပင်းပြီးကူညီ××× တောင်ပေါ်ဒို့ ရှမ်းရဲ့ ပထဝီ××× ရွှေရောင်လွှမ်းလို့ အစွမ်းကိုယ်စီ××× ဂုဏ်ယူ သည်××× ’’ ‘နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ’ ဒီဗီဒီ ချပ်မှာ သူတို့ရဲ့ ဆောင်ရွက်ချက် ကိုလည်း အလေးအနက်ထည့် သွင်းထားပါတယ်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စော်ဘွားစဝ်ကြာဆိုင်နဲ့ မဟာဒေဝီ စဝ်သုစန္ဒီတို့ ၁၉၅၄ ခုနှစ်က ၁၉၆၂ ခုနှစ်အထိ ရှစ်နှစ်တာ တက်ညီလက်ညီ ဆောင်ရွက် နေကြခိုက်မှာပဲ မြန်မာနိုင်ငံတစ်ခု လုံး ကံဆိုးမိုးမှောင် ကျပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ စစ်အာဏာရှင် တွေက အာဏာသိမ်းလိုက်တယ်။ ရှမ်းပြည်နယ်ကောင်စီအ တွင်းရေးမှူး အထက်လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေကို ထမ်းဆောင်ရင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဝ် ကြာဆိုင်က ဆောင်ရွက်တယ်။ ရှမ်းပြည်သူလူထုက စဝ်ကြာဆိုင် ကို ချစ်ခင်လေးစားကြတယ်။ ဒါကိုဗိုလ်ချုပ်နေဝင်းက ကြိုက်ပုံမရပါ ဘူး။ တောင်ကြီးမြို့မှာ အစည်းအ ဝေးတက်ပြီး သီပေါမြို့ကိုပြန်ဖို့ ဟဲဟိုးလေဆိပ်ကို ဆင်းလာတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်ကို စစ်ထောက်လှမ်းရေးက လမ်းခု လတ်မှာပဲ ဖမ်းဆီးလိုက်တယ်။ လက်စတုံးလုပ်ပြီး ဖျောက်ဖျက် ပစ်လိုက်တယ်။ ဒီနေ့အထိ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ အ လောင်းဘယ်မှာမြှုပ်နှံထားတယ် ဆိုတာ မိသားစုကသိခွင့်မရပါဘူး။ သီပေါဟော်နန်းကိုလည်း စစ်တပ်က သိမ်းပိုက်လိုက်တယ်။ မဟာဒေဝီ စဝ်သုစန္ဒီနဲ့ သမီးတော် လေးနှစ်ပါးလည်း နေအိမ်အကျယ်ချုပ်ဖြစ်သွားတယ်။ နိုင်ငံခြားသူ ဖြစ်တဲ့ စဝ်သုစန္ဒီဟာ (ခြောက်နှစ် နဲ့ သုံးနှစ်အရွယ်) သမီးတော်လေး တွေဖြစ်တဲ့ မာရာရီနဲ့ ကိန္နရီကို ခေါ်ဆောင်ပြီး ၁၉၆၄ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်း ရှောင်ကြရတယ်။ မဟာဒေဝီတစ်ဖြစ်လဲ အင်ဂီက တစ်ဖက်မှာ ကျောင်းဆရာမ လုပ်ရင်း ကျောင်းပြန်တက်တယ်။ Ph.D ပါရဂူဘွဲ့ရတယ်။ အလုပ် လုပ်ကိုင်ရင်း သမီးလေးတွေကို မြေတောင်မြှောက်တယ်။ သူ့ဘဝကို ဆက်လက်ထူထောင်ပါတယ်။ နိုင်ငံခြားကို ဆေးကုသဖို့ ထွက် လာတဲ့ ဗိုလ်ချုပ်နေဝင်းကို မရအရတွေ့ပြီး သူ့ကြင်ရာတော် စဝ်ကြာဆိုင်ကို ဘယ်ပုံအရေးယူဆောင် ရွက်သလဲဆိုတဲ့အကြောင်းကို မေးတယ်။ အဖြေတော့ မရပါဘူး။ ဒီအကြောင်းတွေကို အင်ဂီ က 'Twilight Over Burma' (မှုန် ရီဆိုင်းဆိုင်း မြန်တိုင်းဌာနီ) အ မည်နဲ့ စာတစ်အုပ်ရေးသားထုတ် ဝေတယ်။ ဒီစာအုပ်က နိုင်ငံတကာမှာ ‘ပေါက်’သွားတယ်။ ဒီစာအုပ် ကို ဖတ်မိသူတွေက လွမ်းမော ဖွယ်အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့ သီပေါမြို့ကို စိတ်ဝင်တစားသွား ကြတယ်။ သီပေါမြို့ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းမှာ ဆွဲဆောင်မှု ကြီးမားတဲ့ နေရာတစ်နေရာဖြစ် လာတယ်။ သီပေါမြို့နဲ့ သီပေါ ဟော်နန်းကို ကမ္ဘာလှည့်ခရီးသည် တွေ တဖွဲဖွဲ လာရောက်ကြတယ်။ သီပေါသူ၊ သီပေါသားတွေက လည်း သူတို့ မဟာဒေဝီရဲ့ ကျေး ဇူးကို သိမှတ်နေကြပါတယ်။ ဟော်ဝင်းက အကျယ်ကြီး။ မြက်ခင်းစိမ်းမြတွေကို တယုတယပြုစုထားတယ်။ သီပေါဟော်နန်း က ဥရောပဆန်တယ်။ ဟော်နန်း အတွင်း ဧည့်ဆောင်မှာ ဓာတ်ပုံပြ ခန်းရှိတယ်။ စော်ဘွားနဲ့ မဟာ ဒေဝီရဲ့ လွမ်းမောဖွယ်အဖြစ်တွေ ကို ဓာတ်ပုံတွေက သရုပ်ပြနေ သလိုပါပဲ။ ဟော်နန်းရဲ့ အခန်း ခန်းအဆောင်ဆောင်ကို လာ ရောက်လည်ပတ်သူ ဧည့်သည် တွေက စိတ်ဝင်တစား လေ့လာ ကြည့်ရှုကြပါတယ်။ ဟော်နန်း ဆင်ဝင်အောက်မှာတော့ စက်မှု လယ်ယာကို ထူထောင်ချင်တဲ့ စော်ဘွားရဲ့ လယ်ထွန်စက်က ယခုအထိ ရှိနေသေးတယ်။ မဟာဒေဝီ စဝ်သုစန္ဒီနဲ့ လက်ချင်းတွဲပြီး ပညာရေး၊ ကျန်းမာ ရေးတွေ လုပ်ဆောင်ခဲ့တဲ့ မဂ္ဂီမှာ သားတစ်ယောက်ရှိပါတယ်။ သူ့ အမည်က ကိုရဲအောင်တဲ့။ မဟာ ဒေဝီနဲ့ မဂ္ဂီတို့ ဂျစ်ကားတစ်စီးနဲ့ ဟိုဟိုဒီဒီအတူသွားကာ ဒေသဖွံ့ ဖြိုးရေး လူမှုရေးတွေ လုပ်နေကြ ချိန်မှာ ကိုရဲအောင်က အသက် (၁၈)နှစ်လောက်ရှိပြီမို့ ကောင်းကောင်းမှတ်မိနေပါပြီ။ သူကမန္တလေးတက္ကသိုလ်က သမိုင်းဘာသာ အဓိကနဲ့ ဘွဲ့ရတယ်။ တက္ကသိုလ်ရဲအောင်ဆိုတဲ့ အမည်နဲ့ သီချင်းတွေ ရေးတယ်။ ဆိုတယ်။ ‘ပန်းဘုရင်မလေး’တို့၊ ‘ရှမ်းရိုးမက အိုးစည်သံ’တို့က တက္ကသိုလ်ရဲအောင်ရဲ့ ထင်ရှားတဲ့သီချင်းတွေဖြစ်တယ်။ အမေရိကန်နိုင်ငံမှာ ယခုနေ ထိုင်တဲ့ မဟာဒေဝီဖြစ်ခဲ့သူ အင်ဂီ က ကိုရဲအောင်တို့နဲ့ စာပေးစာယူ အဆက်အသွယ်ရှိတယ်။ စာတစ် စောင်ထဲမှာ ကိုရဲအောင်တို့ မိခင် မဂ္ဂီနဲ့ပတ်သက်ပြီး ‘‘မင်းတို့ရဲ့ ချစ် မေမေဟာ ငါ့နှလုံးသားထဲမှာ အမြဲတမ်းရှိနေတယ်။ သီပေါရဲ့လွမ်းမောဖွယ်၊ တမ်းတဖွယ်တွေ ထဲမှာ အစ်မမဂ္ဂီနဲ့ ချစ်မိတ်ဆွေ တွေပါတယ်’’လို့ ရေးတယ်။ ဝိပဿနာ တရားထိုင်တဲ့အခါ အာရုံထဲမှာ သူ့အသွင်ကို တွေ့မြင်မိတယ်လို့လည်း ရေးသားတယ်။ အင်ဂီက သူရှစ်နှစ်တာ လောက်သာ နေခဲ့ရတဲ့ သီပေါမြို့ ကို ချစ်ခင်စွဲလမ်းတယ်။ ဒီနေ့ သီ ပေါကို မြင်ချင်လိုက်တာလို့လည်း တမ်းတမ်းတတပြောတတ်တယ်။ သူ့အသက်အရွယ်အရရော အခြေအနေအမျိုးမျိုးအရပါ အင်ဂီ သီ ပေါကို ရောက်လာဖြစ်ဖို့ မလွယ် ပါဘူး။ ဒါကြောင့် တက္ကသိုလ် ကိုရဲအောင်က ‘နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ’ဆိုတဲ့ ဒီဗီဒီသီချင်းချပ်ကို ကိုယ်တိုင် တေးသီချင်းရေး၊ ကိုယ်တိုင် သီဆို၊ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထုတ်လုပ်လိုက်တယ်။ ‘‘အန်တီအင်ဂီရဲ့ ဆန္ဒကိုတစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းနိုင်ဖို့ဒီနေ့ခေတ် သီပေါရဲ့ မြင်ကွင်းတွေကိုလည်း အချပ်ထဲမှာ ထည့်လိုက်တယ်။ အန်တီဆီ ဒီအချပ်ပို့ပေးမှာ’’လို့ ကိုရဲအောင်ကပြောတယ်။ သမိုင်းဘွဲ့ရ ကိုရဲအောင်က ‘‘တပည့်တို့ ကိုယ့်ရပ်ရွာဒေသကို ပြန်ရောက်ကြတဲ့အခါ တိကျမှန် ကန်တဲ့ အထောက်အထားများနဲ့ အတူ သမိုင်းအမွေအနှစ်များကို ထုတ်ဖော်ခြင်းအားဖြင့် မိမိရပ်ရွာ ဒေသရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ကြ’’လို့ ဆုံးမစကားပြောကြားတဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်း ထွန်းနဲ့ သမိုင်းဌာနက ဆရာကြီး ဆရာမကြီးတွေကို ဂါရဝထားပြီး ‘နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ’ကို ရိုက်ကူး ထုတ်လုပ်တာလို့ ဆိုတယ်။ ဒီဗီဒီအချပ်ထဲမှာ သီပေါမြို့ ရဲ့ သမိုင်းဝင်ရှေးဟောင်းဓာတ်ပုံ မှတ်တမ်းတွေ၊ မျက်မှောက်ခေတ် မြင်ကွင်းတွေ၊ ရိုးရာယဉ်ကျေးမှု ထုံးစံဓလေ့ပွဲလမ်း၊ အကတွေနဲ့ အတူ စော်ဘွားနဲ့ မဟာဒေဝီတို့ရဲ့ လွမ်းမောဖွယ်အဖြစ်ကို တေးဂီတ ဇာတ်လမ်းမှတ်တမ်းအဖြစ် ရိုက် ကူးပြထားတာ ဖြစ်တယ်။ ဒီဗီဒီ အချပ်မှာ မြန်မာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာ သုံးမျိုးနဲ့ ရှင်းလင်းပြော ပြသလို တေးသီချင်းကိုလည်း သုံးဘာသာသီဆိုထားတာ တွေ့ရပါ တယ်။ သီပေါကိုလာလည်တဲ့ နိုင်ငံခြားသားတွေကလည်း (သူ တို့နားလည်တဲ့ အင်္ဂလိပ်ဘာသာ နဲ့ပါ တေးသီချင်းကို သီဆိုပြီး ရှင်း လင်းပြောပြတာတွေ ပါတာမို့) အမှတ်တရပစ္စည်းတစ်ခုအဖြစ် မက်မက်မောမောဝယ်ယူတယ် လို့ ကိုရဲအောင်က ပြောတယ်။ ‘‘၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ရှစ်နှစ်တာကာလအတွင်း လူမှုရေး၊ သာဘာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမျိုးဘာသာမခွဲခြားဘဲ အစွမ်းကုန်ဆောင်ရွက် ပေးနေရင်း တစ်နေ့မှာ ပြင်းထန် လွန်းလှတဲ့ ကံကြမ္မာမုန်တိုင်း ရိုက်ခတ်လာပါတယ်။ အားလုံးနဲ့ တဒင်္ဂခွဲခွာရခြင်းမျိုးမဟုတ်ဘဲ ထာဝရ အပြီးအပိုင် ခွဲခွာရခြင်းမျိုး ဖြစ်ပါ တယ်။ မျှော်လင့်ချက်ကြီးမားစွာ နဲ့ မျှော်မှန်းထားခဲ့တဲ့ အနာဂတ်က လည်း မလှမပနဲ့ အကျည်းတန်ခဲ့ ရပါပြီ။ လောကမှာ ဘယ်အရာ မဆို အပြောင်းအလဲဆိုတာနဲ့ မကင်းနိုင်ကြပါဘူး။ ဖြစ်ပြီးရင် ပျက်ရမယ့် သဘာဝလောကရဲ့ သင်္ခါရတရားက အမှန်အစစ်ဖြစ် ပါတယ်။ သင်္ခါရကို သင်ခန်းစာယူ ပြီး အမှားကင်းတဲ့ အနာဂတ်အ ဖြစ် ဖန်တီးတည်ဆောက်သွားကြ ပါစို့’’လို့ တက္ကသိုလ် ကိုရဲအောင် က သီချင်းဒီဗီဒီထဲမှာ ပြောကြား ထားပါတယ်။ ‘‘ရွှေပလ္လင် ဟော်နန်းအလွမ်းကိုယ်စီ××× အရာမထင်ဇာတ် လမ်းနွမ်းကြေပြီ××× သင်္ခါရ တရားလို့ အမြဲပဲယုံကြည်××× ’’ ‘နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ’ တေး သီချင်းသံကတော့ လေထဲမှ လွင့် ပျံလာနေဆဲပါ။ ‘‘လွမ်းတယ်ဆို တာ လွမ်းလောက်တာတွေရှိမှ လွမ်းရတာ’’လို့ စာရေးဆရာ သတင်းစာဆရာမကြီး လူထု ဒေါ်အမာက ပြောပါတယ်။ အင်ဂီ(ခေါ်) မဟာဒေဝီ စဝ်သုစန္ဒီဟာ မြန်မာနိုင်ငံသူ မဟုတ်ပေမယ့် သူလာရောက် နေထိုင်ရာနေရာ မြန်မာ ပြည်သူလူထုအကျိုးကို ရွက်ဆောင်ပေးခဲ့တယ်။ မြန်မာတွေကလည်း ဘာသာလူမျိုး မခွဲခြားဘဲ ကျေးဇူးရှိသူရဲ့ ကျေးဇူးကို သိမှတ်ကြပါတယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေး မှိုင်းတွေကို ပစ်ပယ်နိုင်ကြတယ်။ ခုတော့.. မဟာဒေဝီ စဝ် သုစန္ဒီကို လွမ်းတေးတွေ သီနေ ကြပြီ။။ Credit to 7 Day

ရှမ်းပြည်မြင်ကွင်းစုံ
22 Feb 2016 · 25K views