မြန်မာချောင်းရိုက်
Search Results
#စဉ်းစားချင့်ချိန်မှုမရှိသော သူများကြောင့် #မိသားစုတခုဘဝပျက်ရခြင်း ဒီဗီဒီယိုဖိုင်က မနေ့က (27 ဇူလိုင်) ကျောက်ပန်းတောင်းမှာ ဗလီဆိုပြီး အဖျက်ခံလိုက်ရတဲ့ အိမ်ပိုင်ရှင် မိသားစုကို အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဒီဗီဒီယိုဖိုင်ကို ကြည့်ပီးရင် သွေးဆူလွယ်ပြီး ယုံလွယ်တဲ့ စိတ်ရိုင်းစိတ်မိုက်တွေကို ဆင်ခြင်ထိန်းသိမ်းနိုင်ကြမယ်လို့ ယူဆပါတယ်။ တကယ်တော့ ကျောက်ပန်းတောင်းမှာ မူဆလင် မရှိပါဘူး။ မူဆလင်မရှိတဲ့အတွက် အစ္စလာမ်ဘာသာရေးအရ ကိုးကွယ်စရာ ဗလီလည်း မလိုအပ်ပါဘူး။ ဗလီဆောက်ရတယ်ဆိုတာ မူဆလင် များတဲ့ ပတ်ဝန်းကျင်မှာတော့ မဖြစ်မနေ လိုတယ်လို့ သိထားပါတယ်။ တယောက်မှမရှိဘဲ အလှကြည့်ဖို့ ဆောက်ရအောင် ဗလီတို့ ချက်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ ဆိုတာ ပြတိုက် မဟုတ်ပါဘူး။ ဒါပေမယ့် အလုံပိတ်အိမ်ဖြစ်တဲ့အတွက် ဗလီခိုးဆောက်တာလို့ တစ်ယောက်ယောက်က ဖွလိုက်ချိန်မှာ စဉ်းစားနိုင်စွမ်းမရှိတဲ့ လဒူအုပ်ကြီးက သတ်မယ် ဖြတ်မယ် တကဲကဲ ဖြစ်သွားပါတယ်။ အွန်လိုင်းပေါ်ကနေ live ကြည့်နေတဲ့သူတွေကလည်း ဖြစ်စဉ်ကို မစုံစမ်းပဲ သတ်ဟဲ့ဖြတ်ဟဲ့ဆိုပြီး ကွန်းမန့်တွေကို လွယ်လွယ်ပေးကြပါတယ်။ ဒီဖြစ်စဉ်ကို ချင့်ချိန်ကြည့်ရင် အိမ်အဖျက်ခံရရုံတင်မကဘဲ လူတွေရဲ့ အယုံလွယ်မှုကြောင့် သွေးမြေကျသွားနိုင်တာကိုပါ တွေ့ရပါတယ်။ သူငယ်ချင်းတို့ရေ ပဋိပက္ခဆိုရင် ဘယ်ပဋိပက္ခမှ မကောင်းပါဘူး။ လူတဖက်သား သေအောင် နာအောင် ဘဝပျက်အောင် လုပ်တာဟာ ကောင်းသောအလုပ်ပါလို့လည်း ဘယ်ဘုရားမှ မဟောခဲ့ပါဘူး။ ဒါကြောင့် အယုံမလွယ်ကြပါနဲ့ ဘုရားထက် သား တလမကြီးကြပါနဲ့ အပ္ပမာဒေန သမ္မာဒေထ၊ မမေ့မလျော့မပေါ့မဆ သတိနဲ့ယှဉ် ဆင်ခြင်ကြပြီး လဒူမဖြစ်အောင် ကွကို ထိန်းကြပါကုန်လော့ သူတော်ကောင်းတို့ #တွေးပြီးမှယုံ Video credit - ကျောက်ပန်းတောင်းဟစ်တိုင်'s
တွေးပြီးမှယုံ-Think Before You Trust28 Jul 2017 · 511K views
ကြုံတုန်းလေး မြန်မာချောင်းရိုက် HD အကြည်😆
Kaung Myat Oakar24 Dec 2018 · 46K views
ယော .. ယောသူတို့ ရွာ 😍😜 crd video
ပြည်သူ့ အသံ people's voice1 Aug 2018 · 43K views