MGLP-Myanmar Girls Love Paradise

Arts & Entertainment

ကောင်မလေးးများးရဲ့ ကောင်မလေးးများး ဆုံဆည်းးရာ

PS: LGBT ဆန့်ကျင်ရေးများ မလာရ ��

Official Myanmar Lesbian Page
Since 26.3.2016

0:04
ထိုမိန်းကလေး... ရယ်လိုက်ရင် ပါးဖောင်းဖောင်းလေးနှစ်ဘက်နဲ့ချစ်ဖို့ကောင်းတာ အလိုမကျလို့ စိတ်ကောက်ရင် နှုတ်ခမ်းလေးတွေထော်ပြီး စူပုတ်သွားတာ စိတ်ပြေသွားပြန်ရင်လည်း ရုပ်လေးကချက်ချင်းပြောင်းသွားတတ်တာ ဒါပေမယ့်လည်း သူဘယ်လောက်အလိုမကျပါစေ ကျွန်တော့ကိုတော့ ဂရုစိုက်မပျက်တာ သူဘယ်လောက်နေမကောင်းပါစေ ကျွန်တော်နေမကောင်းမှာကိုတော့ အရမ်းစိုးရိမ်တတ်တာ... ထိုမိန်းကလေး... သူ့ရှေ့ရောက်တိုင်း ခြေဖျားလက်ဖျားတွေအေးစက်လာတာ သူ့ရှေ့ရောက်တိုင်း ပြောစရာစကားတွေပျောက်ရှကုန်တာ သူ့ရှေ့ရောက်တိုင်း ရင်ခုန်သံတွေကျယ်လောင်လာတာ သူ့ရှေ့ရောက်တိုင်း အလိုလိုအင်အားအပြည့်နဲ့ ကာကွယ်ပေးချင်တဲ့စိတ်တွေပဲ ပိုပြီးလွှမ်းမိုးသွားတာ... ထိုမိန်းကလေး... အခုဆို ထိုမိန်းကလေးက ကျွန်တော့ရဲ့အချိန်တိုင်းကိုကြီးစိုးနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့နေပြီ စိတ်ကူးယဉ်ဆန်မှုကင်းတဲ့ ကျွန်တော့အသိစိတ်က သစ်ရွက်ချင်းပွတ်တိုက်သံတောင် သူ့ခေါ်သံလို့ ကြားယောင်နေတတ်ပြီ ဘာပဲလုပ်လုပ် ဘာပဲစားစား ဘယ်နေရာရောက်ရောက် သူနဲ့ဆိုရင်ဆိုတဲ့အတွေးမျိုး ကြိုတင်တွေးတတ်နေပြီ ထိုမိန်းကလေး... သူနဲ့ကျွန်တော်က အချို့သောကဗျာဆန်တဲ့သူတွေ အမွှန်းတင်ပြောတတ်ကြတဲ့စကားလိုပဲ ရည်းစားထက် level ပိုမြင့်တဲ့ ချစ်သူအဆင့်ကိုရောက်နေပါတယ်... ထိုမိန်းကလေးက ကျွန်တော့မိန်းကလေးပါ... #Tulipt #MGLP
2 days ago
4:48
မင်္ဂလာနံနက်ခင်းပါဗျ ❤ မနေ့ညကမှ ပူပူနွေးနွေးထွက်ထားတဲ့ မြန်မာLesbianသီချင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးးဦးမယ်😉 အဆိုတော် EAINT TREASURE ရဲ့သီချင်းသစ်လေးပါ သီချင်း နာမည်က "နှောင်ကြိုးမဲ့"တဲ့ဗျ ကျနော်ကတော့ တော်တော်လေးသဘောကျတယ် မိုးကဥုံကဥုံ့နဲ့ တကယ်လိုက်ဖက်တဲ့ သီချင်းလေး ဒီနေ့တော့ တစ်ရက်လုံး အဲ့သီချင်းးနဲ့ Coffee တစ်ခွက်နဲ့ ထိုင်feelနေတော့မယ် 😪 အမျိုးတို့လည်းfeelကြည့် အဲလေ နားထောင်ကြည့်နော် ကျနော်က အမျိုးတွေအတွက် တင်ပေးတာပါ ဒါကမူရင်းအဆိုရှင်ရဲ့pageက song link ပါဗျ https://m.facebook.com/story.php?story_fbid=1527801874016216&id=883370905125986 အပန်းမကြီးးရင် မူရင်းpostအောက်မှာ Positive commentsလေးတွေ ချန်ထားပေးခဲ့ လိုက်ဦးဗျ 😉 ဆိုပေးတဲ့လူကိုလည်းကျေးဇူးတင်တယ် ဒါမျိုးးသီချင်းတွေလည်း အများကြီးထပ်ထွက်စေချင်တယ်❤ -Chuu #mglp
10 months ago