BNF Express - Local Myanmar Online Bus Tickets Sales

Local & Travel Website

မြန်မာ တစ်နိုင်ငံလုံး ကားလမ်းကြောင်းပေါင်း ၃၀၀ ကျော် အင်တာနက်မှာ ရှာဖွေပါ။


မြန်မာ တစ်နိုင်ငံလုံး ကားလမ်းကြောင်းပေါင်း ၃၀၀ ကျော် အင်တာနက်မှာ ရှာဖွေပါ။

0:40
BNF Express Press Release ( 03 June 2015, Wed ) ရန်ကုန်မြို့ ပြည်လမ်းရှိ IBC ခန်းမတွင် GMBF Group မှ မြန်မာပြည်၏ ပထမဆုံးသော BNF Express Online Bus-Ticket-System အကြောင်း သတင်းနှင့်စာနယ်ဇင်း မိတ်ဆက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိလူကြီးများနှင့် Express Bus Car လိုင်းများမှ Director များ / Manager များ၊ ဂျာနယ်နှင့် စာနယ်ဇင်းများမှ မီဒီယာသတင်းထောက်များ တက်ရောက်ကြမည်ဖြစ်ပါသည်။ BNF Express Bus Ticket System သည် မြန်မာပြည်တစ်နိုင်ငံလုံးရှိ အဝေးပြေးကားလိုင်းများ၏ Up-to-Date သတင်းအချက်အလက်များ၊ အချိန်နှင့် ဈေးနှုန်းများကို Online မှတစ်နေရာတည်းတွင် စုစည်းတင်ပြထားခြင်းဖြစ်ပြီး ၎င်းကားလက်မှတ်များကို အချိန်တိုအတွင်း ဝယ်ယူနိုင်မည့်အပြင် ကားစီးရန်ကားလက်မှတ်များကိုလည်း ဝယ်ယူသူ၏ Mobile ဖုန်းထဲသို့ SMS Message တိုက်ရိုက်ပို့ပေးခြင်းဖြင့် အချိန်မကုန်၊ လူမပင်ပန်းပဲ ဂိတ်ရင်းဈေးနှုန်းများအတိုင်း ရောင်းချပေးသည့် System ဖြစ်ပါသည်။ Payment (ငွေပေးချေမှု) အပိုင်းကိုလည်း အလွန်လွယ်ကူသော MPU (ATM) ကဒ်ဖြင့် ငွေရှင်းစနစ်၊ ဘဏ်မှငွေလွှဲစနစ် နှင့် Account ထဲတွင် ကြိုတင်ငွေထည့်သွင်း စနစ်များပြုလုပ်ထားပါသည်။ BNF Express Ticketing System မတိုင်မီကာလတွင် MyanmarBusTicket.com အမည်ဖြင့် ကမ္ဘာလှည့်ခရီးသွား များအား ကားလက်မှတ်များကို Online မှ တဆင့် VISA, MASTER, PAYPAL များဖြင့် လွယ်ကူအဆင်ပြေစွာ ရောင်းချနိုင်ခဲ့ပါသည်။ ပြည်ပ မှ Whatanadventure Magazine , TripAdvisor နှင့် Lonely Planet အစရှိသည့် Travel Forum များတွင် ချီးကျူးဖော်ပြထားခြင်းခံရပြီး အောင်မြင်မှု ရရှိနေပါသည်။ BNF Express မှာ ၁၀၀% မြန်မာပိုင် ကုမ္ပဏီဖြစ်ပြီး UK နိုင်ငံမှ ဘွဲ့ရရှိထားပြီး International Travel & Tours အတွေ့အကြုံ ရှိသော မြန်မာလူငယ်များမှ ထူထောင်ထားသော Online Bus Ticket ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ BNF Express ၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ Bus ကားလိုင်းတစ်ခုချင်းစီ၏ အရောင်းကို အမြင့်ဆုံး Level အထိ တိုးမြင့်ပေးနိုင်ရန်နှင့် မြန်မာပြည်သူပြည်သားများအား ကားဂိတ်များသို့ သွားလာရန်မလိုအပ်ပဲ သတင်းအချက်အလက်များ လွယ်လင့်တကူရရှိပြီး ကားလက်မှတ်များကို အချိန်နှင့်တပြေးညီ လျင်မြန်လွယ်ကူစွာ ဝယ်ယူရရှိစေနိုင်ပါသည်။ ထို့အပြင် မြန်မာပြည်၏ ကားလက်မှတ်အရောင်း System ကို SMS Ticketing ဖြင့် အခြားသော နိုင်ငံများနည်းတူ မြှင့်တင်လိုသော ရည်ရွယ်ချက်များဖြစ်ပါသည်။ ရည်ရှည်စီမံကိန်းအနေဖြင့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် BNF Express System ဖြင့် ကားကုမ္ပဏီများမှ လက်မှတ်များ၊ ထိုင်ခုံများကို Customer လက်ထဲသို့ တိုက်ရိုက်ရောင်းချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ တာဝန်ရှိလူကြီးမင်းမှ BNF Express သတင်းနှင့်စာနယ်ဇင်း မိတ်ဆက်ပွဲသို့ ကြွရောက်၍ ဂုဏ်ပြုစကားပြောကြားပေးမည်ဖြစ်ပါသည်။ ဝယ်ယူအသုံးပြုလိုသော ခရီးသွားပြည်သူများအနေဖြင့် bnfexpress.com တွင် လေ့လာဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
4 years ago