Love & Life of LGBT - LLL

Book Series

အပြစ်ကင်းတဲ့ ချစ်ခြင်းတွေကို ဖေးကူပေးမယ့် လက်တစ်စုံ....

3:48
HOLLAND (Neverland) Myanmar Sub HOLLAND ဟာ Gay ဖြစ်​​ကြောင်း ပွင့်​ပွင့်​လင်းလင်းနဲ့ Debut ခဲ့တဲ့ ပထမဦးဆုံး Kpop Solo Artist ဖြစ်​လာခဲ့ပါပြီ...။ HOLLAND ဟာ 21 Jan 2018 မှာ "Neverland" သီချင်း တစ်​ပုဒ်​နဲ့ Debut လုပ်​ခဲ့ပါတယ်​...။ ဒီသီချင်းမှာ အချစ်​ကို လွတ်​လွတ်​လပ်​လပ်​ ချစ်​ခွင့်​ရဖို့ လွတ်​​မြောက်​ချင်​တဲ့ သူ့ရဲ့ ခံစားချက်​​တွေကို ​ဖော်​ပြထားပါတယ်​...။ ဒီသီချင်းဟာဆိုရင်​ ကမ္ဘာတစ်​ဝှမ်းလုံးမှာ Trand ဖြစ်​ခဲ့ပြီး 24hrs မပြည့်​ခင်​မှာပဲ Viewer 1 Millions ​ကျော်​နဲ့ Like 2သိန်း ​ကျော်​သွားပြီ ဖြစ်​ပါတယ်​...။ ဒါ​တွေကို ကြည့်​ခြင်းအားဖြင့်​ HOLLAND ရဲ့ Debut ဟာ ​အောင်​မြင်​ခဲ့ပြီး ဒီသီချင်းဟာ ​နောင်​တစ်​ချိန်​များမှာ​တောင်​ ​အောင်​မြင်​​နေဦးမယ့်​ Gay သီချင်းအဖြစ်​ ယူဆလို့ရပါတယ်​...။ MV ထဲက ရှူခင်း​တွေ တကယ့်​ Wonderland အတိုင်းပဲ အရမ်းလှတယ်​...။ သီချင်းကလည်း ​ပေါ့​ပေါ့ပါးပါး​​လေးနဲ့ နား​ထောင်​လို့ ​ကောင်းတယ်​...။ မူရင်း MV ​လေးကိုလည်း သူ့ကို support တဲ့ အ​နေနဲ့ တစ်​​ခေါက်​​လောက်​​ Youtube မှာ ကြည့်​ဖို့ တိုက်​တွန်းပါရ​စေဗျာ...။ Official MV 👇 https://youtu.be/IVzGsh0zRec #Kimi
29 days ago
2:07:47
Credit to Channel Myanmar Holding The Man (2015) မြန်မာစာတန်းထိုး ======================================= ကဲ အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ခဲ့တဲ့ BL ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် Bl ပရိတ်တ်ကြီးတွေ ကွီးယား တို့ တရုတ်တို့လို သေးသေးကွေးကွေး BL Ship တာတွေပဲ ကြည့်နေကြတာတွေ့တော့ သိပ်အားမရမိတာမို့ အားရပါးရ Ship တဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကို တင်ဆက်ပေးလိုက်တာကတော့ LGBT ကို Support လုပ်တဲ့အနေနဲ့ တင်ဆက်ပေးလိုက်တာဖြစ်ပြီးတော့ ဒီကားလေးက လူအခွင့်အရေး တစ်ခု ကိုပါ မီးမောင်းထိုး ပြထားတာပါ တကယ်တော့ LGBT ဆိုတာလဲ လူတွေထဲက လူတွေပါပဲ သူတို့ဖာသာ ၂ဦးသဘောတူ ကြိုက်က ချစ်ကြတာကို အပြစ်တစ်ခုအနေနဲ့တော့ မပြောသင့်ဘူးလို့ ထင်မိပါတယ် သူတို့မှာလဲ သူတို့ ကြိုက်ချင်တဲ့သူ ချစ်တဲ့သူနဲ့ တွဲဖို့ အခွင့်အရေးရှိမယ်လို့ ထင်ပါတယ် ဒါ့ကြောင့်ဒါကို အပြစ်တစ်ခု အနေနဲ့ ပြောနေတာကိုတော့ ရှုတ်ချမိပါတယ် ဇာတ်လမ်းလေးကတော့ ၁၉၇၀ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ သြစတေးလျသား လူငယ်၂ယောက်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းလေးကို ဖော်ကျူးပြထားတာပါ ကဲ ဇာတ်လမ်းအကျဉ်းလေးကိုသွားလိုက်ကြရအောင် ဇာတ်လမ်းကတော့ တက္ကသိုလ်ဘောလုံး အသင်းမှာ ကစားနေတဲ့ တီမိုသီ သူက သူ့ကိုသူ ဂေးတစ်ယောက်ဆိုတာ မသိခဲ့တဲ့ အပုန်းလေးတစ်ယောက်ပါ ဒီလိုနဲ့ တစ်ရက်မှာတော့ သူတို့ အသင်းရဲ့ ခေါင်းဆောင်ကို ရှစ် သွားပြီး သူစိတ်ဝင်စားနေတဲ့ အကြောင်းကို အသင်းခေါင်းဆောင်ကို ဖွင့်ပြောခဲ့ပါတယ် (ဒီနေရာမှာ ဘဲ TO ဘဲ ဘယ်လို ပညာသားပါပါ ရီးစားစကားပြောလဲ ဘယ်လို ချည်းကပ်သလဲဆိုတာကိုတွေ့ကြရမှာမို့ ပညာယူကြပါ - စကားချပ် ကိုရီးယား ၊တရုတ် BL တွေ ရိုတာလောက်တော့ ပျင်းသေးတယ်လို့ပြောရမှာပါပဲ ) ဖွင့်ပြောခဲ့တဲ့ အခါမှာ အသင်းခေါင်းဆောင်ကလဲ သူ့ကို ပြန်လည် ချစ်ကြိုက် ကြောင်း သူ့ကို ယူနိုင်မလားလို့မေးလိုက်တဲ့ အခါမှာ တီမိုသီ တစ်ယောက်ထီပေါက်သွားပါတော့တယ် ဒါပေမဲ့ အဲ့ဒိအချိန်က LGBT ကို လုံးဝကန့်ကွက်တဲ့ အချိန် လုံးဝကို လက်သင့်မခံ သေးတဲ့ အချိန်ဖြစ်နေတဲ့ အခါမှာ သူတို့ နှစ်ယောက် သူတို့ ရဲ့ အသိုင်းအ၀ိုင်းကြားမှာ ပဋိပက္ခတွေဖြစ်ပြီး ဒီ ပဋိပက္ခတွေကို သူတို့ ၂ယောက် အချစ်စစ်ရဲ့ ခွန်အားတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ အခါမှာတော့ ဘယ်လိုတွေ ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ကြရမှာဖြစ်ပါတယ် (ကဲပရိတ်သတ်ကြီးထဲကလဲ ကို ရှစ်နေတဲ့သူကို မန်းရှင်းခေါ်လိုက်ကြရအောင်) Qty - 720p Bluray Duration - 2hr 10min Gern - Drama / Romance Subtitle - Myanmar Hardsub Encoder - Kyaw Ye Aung
2 months ago
48:06
Hi LGBTs, ကျွန်​​တော်​တို့ LLL Page​လေးက​နေပြီး LGBT သူငယ်​ချင်းများအတွက်​ သုတ ရသ​တွေကို တင်​ဆက်​​ပေးလျက်​ရှိပြီး ရံဖန်​ရံခါ LGBT​တွေရဲ့ အခမ်းအနားသတင်း​တွေ လူထုလှုပ်​ရှားမှု​တွေကိုလည်း အ​ကြောင်းအရာစုံတင်​ဆက်​​ပေးလျက်​ရှိပါတယ်​။ ယခုတစ်​​ခေါက်​မှာ​တော့ ၁၆ရက်​တာ လှုပ်​ရှားမှုဆိုတာ​လေးနဲ့ မိတ်​ဆက်​​ပေးပါရ​စေ။ ၁၆ရက်​တာလှုပ်​ရှားမှုဆိုတာ လူ့အခွင့်​​ရေး လှုပ်​ရှားမှု​နေ့များကို စု​ပေါင်းထားတာဖြစ်​ပါတယ်​။ ဖဲကြိုးဖြူလှုပ်​ရှားမှုလို့လည်း​ခေါ်ကြပါတယ်​။ November 25 ရက်​​နေ့ အမျိုးသမီးများအ​ပေါ်အကြမ်းဖက်​မှု ရပ်​တန့်​​ရေး​နေ့က​နေစပြီး December လ ၁ရက်​​နေ့ လူ့အခွင့်​အ​ရေး​နေ့အထိ ကို ၁၆ရက်​တာ လှုပ်​ရှားမှုလို့​ခေါ်ပါတယ်​။ ဒီနှစ်​မှာ LGBTသူငယ်​ချင်း​တွေ မပူး​ပေါင်းဖြစ်​ခဲ့ရင်​ ​နောင်​နှစ်​မှာ ဝင်​​ရောက်​ပူး​ပေါင်းကြ​စေလိုပါတယ်​။ November 25 အမျိုးသမီးများအ​ပေါ်အကြမ်းဖက်​မှုရပ်​တန့်​​ရေး​နေ့ November 30 အ​ရှေ့​တောင်​အာရှအမျိုးသမီးများ​နေ့ December 1 ကမ္ဘာ့AIDS​နေ့ December 3 ကမ္ဘာ့မသန်​စွမ်းသူများ​နေ့ December 10 ကမ္ဘာ့လူ့အခွင့်​အ​ရေး​နေ့တို့ဖြစ်​ပါတယ်​။ ယခု Videoက​လေးကို Mizza မီဒီယာရဲ့ Liveလွှင့်​မှုကို ကြည့်​ဖူးသူများလည်းရှိနိုင်​ပါတယ်​။ ၁၆ရက်​တာလှုပ်​ရှားမှုဟာ ကျား၊မဖြစ်​တည်​မှုအ​ပေါ်မှာ အ​ခြေခံပြီး အကြမ်းဖက်​ခြင်းကို ရပ်​တန့်​ဖို့ အသိ​ပေးတဲ့ လှုပ်​ရှားမှုဖြစ်​တာ​ကြောင့်​ မန္တ​လေးက LGBT​မောင်​နှမ​တွေက ဘယ်​လို ဝင်​​ရောက်​ပူး​ပေါင်းခဲ့ကြသလဲဆိုတာ​လေးကို ကြည့်​ရှုခံစားကြဖို့ ​ဝေမျှ​ပေးလိုက်​ရပါတယ်​။ ဝမ်းသာစရာတစ်​ခုက အဖွဲ့ ၈ဖွဲ့ ဝင်​​ရောက်​ယှဉ်​ပြိုင်​တဲ့အခါမှာ မန်း​ရွှေပြည်​မှ သက်​တန့်​​လေးများ အမည်​နဲ့ ယှဉ်​ပြိုင်​ခဲ့ကြတဲ့ LGBT သံချပ်​အဖွဲ့ဟာ တတိယဆုကို ထိုက်​ထိုက်​တန်​တန်​ ဆွတ်​ခူးရရှိခဲ့ပါတယ်​။ ဒီသံချပ်​ထဲမှာ ပါဝင်​တဲ့ စာသား​တွေ စကားလုံး​တွေဟာ LGBT​တွေရဲ့ ဘဝ မသန်​စွမ်း​တွေရဲ့ဘဝ ကျားမဖြစ်​တည်​မှု​ကြောင့်​ အမျိုးသမီးများရဲ့အခွင့်​အ​ရေး စတာ​တွေ ပါဝင်​တာမို့ မိမိတို့ရဲ့ သံချပ်​ကို နှစ်​သက်​အား​ပေးတဲ့ မိဘ​တွေကို ပြသရင်း တစ်​နည်းတစ်​ဖုံ စည်းရုံးနိုင်​ကြလိမ့်​မယ်​လို့ ယုံကြည်​ပါတယ်​။ ဒါ​ကြောင့်​ LGBT ​မောင်​နှမ​တွေ စိတ်​ရှည်​စွာနဲ့ ကြည့်​ရှုအား​ပေးကြ​စေလိုပါတယ်​။ ချစ်​စွာဖြင့်​ #မှိုင်းညို
2 months ago
0:50
Dark Blue & MoonLight 💙 ဒီကားလေးကိုတော့တော်တော်များများသိပြီး ဖြစ်မှာပါ ဒီကားလေးဟာ Trailer တွေ Ostတွေထွက်ကတည်းကလူကြိုက်များနေတဲ့ Taiwanese BL seriesလေးပါ အပိုင်း၁၂ပိုင်းပါဝင်မယ်လို့ကြားနေရပါတယ် ဒီကားလေးက ဒီလ၂၁ရက်နေ့ထွက်မှာဖြစ်လို့ အားလုံးဆက်ဆက်စောင့်ကြည့်ပေးကြပါလို့ 😍 ဒီကားလေးထဲကမင်းသားချောချောလေးတွေရဲ့ Facebook page လေး တွေကိုFollowလို့ရအောင်ပြောပြပေးလိုက်တယ်နော် Dark Blue & Moonlight Official Facebook page 👇 https://www.facebook.com/Darkbluemoonlight/ Main Actors ချောချောလေး၎ယောက်ရဲ့ Page 👇 https://www.facebook.com/topmodeltom/ https://www.facebook.com/imcharleslin/ https://www.facebook.com/AricChen0815/ https://www.facebook.com/tim8112300201/ Official OST MV link 👇 https://youtu.be/lr-XXbPMNcY Trailer video လေးလည်းတင်ပေးလိုက်တယ်နော် 👇👇👇👇👇👇👇👇👇👇👇 🙈🙈🙈🙈🙈🙈🙈🙈🙈🙈 #QY video crd
3 months ago