TYMMtv.com

Movie Theater

Movie Lover

0:42
💖💖💖
11 months ago
46:13
Love Bipolar episode (1) Full Part အခုတလောအမွှာကားတွေခေတ်စားလာတော့ အမွှာကားသစ်လေးတစ်ကားတက်ဆက်ပေးပါရစေ အမွှာဆိုတာနဲ့စိတ်တူကိုယ်တူတွေလို့ထင်တတ်ကြပါတယ် ဒါပေမယ့်လည်း ရုပ်ရည်သာတူပြီး စိတ်ဓာတ်သဘောထားချင်း မတူကြတဲ့သူတွေလည်း တပုံကြီးပါပဲ ဆန်းတိုင်းနဲ့ ဆန်းနို အမွှာနှစ်ယောက် ဆန်းတိုင်းက နာမည်ကြီးမင်းသမီးတွေကိုမိတ်ကပ်လိမ်းပေးရတဲ့Gay ဆန်းနိုက မိန်းကလေးတွေအထည်အလဲတွဲတဲ့ ကိုယ်တော်ချော တစ်နေ့ ဆန်းတိုင်း ကားတိုက်ပြီး လက်ကျိုးသွားတော့ မိတ်ကပ်မလိမ်းနိုင်တော့တဲ့အခါ သူ့နေရာမှာ ဆန်းနိုအစားဝင်ဖို့ အကြောင်းဖန်လာခဲ့တယ် ဝမ်နီး နာမည်ကြီးမင်းသမီးတစ်လက် စိတ်သဘောကောင်းပေမယ့် ဒေါသထွက်လွယ်တဲ့သူ သူ့စိတ်ကြောင့် ဘယ်သူမှ သူ့ကိုမိတ်ကပ် မလိမ်းပေးချင်ကြဘူး ဆန်းတိုင်းတစ်ယောက်ပဲ သူ့နဲ့လက်တွဲမြဲခဲ့တယ် ဆန်းတိုင်း အစား ဆန်းနို အစားဝင်လာတော့ ဆန်းနိုကကောမင်းသမီးရဲ့ဒဏ်ကိုခံနိုင်ပါ့မလား? တစ်နေ့ အယ်လင်းဆိုတဲ့ တက်သစ်စမင်းသမီးရဲ့ အကောက်ကြံမှုကြောင့် သူမရဲ့နေရာကိုပါထိခိုက်လာတဲ့အခါ သူမ ဘယ်လိုကျော်ဖြတ်မလဲ ? နာကျင်နေတဲ့သူမကိုဖေးကူရင်း သူမနဲ့ဆန်းနိုကြားအချစ်တွေ ပေါက်ဖွားလာနိုင်မလားဆိုတာတော့ မင်းသားမင်းသမီးတွေကတော့ထိုင်းကားfan တွေနဲ့မစိမ်းပါဘူး မင်းသားအနေနဲ့ ထိုင်းကားတော်တော်များများပါတဲ့ မင်းသားToni Rakkaen မင်းသမီးကတော့ မြန်မာပရိတ်သတ်တွေအခိုင်အမာရှိထားတဲ့ မင်းသမီးLaila Boonyasak ဒါ့အပြင် မင်းသားChatchawit Techarukpongက ပါဝင်ထားပါသေးတယ် #TYMMtvcom မှတင်ဆက်သည် Translated by Kate Encoded by Weapon
1 year ago