Myanmar Arsenal Fans Page

Community

မြန်မာ အာဆင်နယ် ပရိသတ်များအတွက် အကောင်းဆုံး နေရာလေးမှ ကြိုဆိုပါတယ်...

Welcome to the best place for Myanmar Arsenal Fans...


ဒီနေရာလေးမှာ အာဆင်နယ်အသင်းနဲ့ ပတ်သတ်တဲ့ ကိစ္စမှန်သမျှကို စိတ်ဝင်တစား အားပေးသူ မြန်မာပရိသတ် တစ်ဦးနှင့်တစ်ဦး မျှဝေဆွေးနွေးရင်း မိသားစုဝင်များသဖွယ် စည်းစည်းလုံးလုံး၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် တပျော်တပါး တူတူအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်…

မြန်မာ အာဆင်နယ်ပရိသတ် အားလုံး ဒီ Page လေးမှာ မိမိတို့ တတ်နိုင်သလောက် နှစ်သက်ရာ ကဏ္ဍမှာ ပါဝင်အားဖြည့် ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်… ပရိသတ်များထဲမှ အများအတွက် Admin အဖြစ် သတင်းရေးသား တင်ဆက်ပေးနိုင်သူများကိုလည်း ပေ့ခ်ျကို အချိန်မရွေး ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်…

Myanmar Arsenal Fans Page သို့ ပရိသတ်များအနေနဲ့ အကြံပြုစာများ ရေးသားပေးပို့ နိုင်ပါတယ်… အားနည်းချက်၊ လိုအပ်ချက်နှင့် အမှားတစ်စုံတစ်ရာ ရှိခဲ့လျှင် နားလည်သည်းခံပေးပြီး ဝေဖန်ထောက်ပြပေးဖို့ တောင်းဆိုပါတယ်…

MAFP မှ အာဆင်နယ် ပရိသတ်များ Page မှာထက် ပိုမိုပြီး Privacy ရှိရှိနဲ့ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ဝေဖန်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ Myanmar Arsenal Fans Group ကိုလည်း အောက်မှာ ပေးထားတဲ့ Link အတိုင်း ဝင်ရောက်နိုင်ပါတယ်…
https://www.facebook.com/groups/381099281955739/

MAFP ဟာ အင်္ဂလန် မှ Arsenal အသင်းရဲ့ တရားဝင် အသိအမှတ်ခံ Page တစ်ခု မဟုတ်ပါ… သို့သော် မြန်မာပြည်မှ အာဆင်နယ် ပရိသတ်များအတွက် အကောင်းဆုံး ကြိုးစားပေးနေတဲ့ Page တစ်ခုဆိုတာတော့ လုံးဝ အာမခံပါတယ်…

အားလုံးကို ကျေးဇူးတင်ပါတယ်……

မြန်မာပြည်က အာဆင်နယ်ပရိသတ်တွေအတွက် Official Facebook Page ကတော့ Arsenal Myanmar ဖြစ်ပါတယ်…