မြန်မာစာတန်းထိုး စစ်ကားများ

Movie Character

မင်္ဂလာပါ

2:04:34
Air Force One (1997)(မြန်မာစာတန်းထိုး ) IMDb : 6.4/10 Rotten Tomatoes : 78% Roger Ebert : 2.5/4 ဒီတစ်ခါ တင်ဆက်ပေးမယ့် တကယ့် Old but Gold တစ်ခုကတော့ Air Force One ပဲ ဖြစ်ပါတယ်။ ၁၉၉၇ က ထွက်ရှိခဲ့တဲ့ ဒီကားဟာ လာမယ့် ၂၀၁၇ မှာ ဆယ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဆယ်နှစ်သက်တမ်းရှိတဲ့ ဒီကားကို မကြည့်ဖူးသေးတဲ့သူတွေက ခေတ်မမီဘူးထင်မယ်ဆို အမှားကြီးမှားသွားပါလိမ့်မယ်။ လေယာဉ်ပေါ်မှာ သမ္မတကို ပြန်ပေးဆွဲတဲ့ကား ဆိုပြီး ရန်ကုန်က ရုပ်ရှင်ရုံမှာ လနဲ့ချီပြီး ၀င်ငွေစံချိန်ချိုးခဲ့တဲ့ ဒီကားဟာ ကမ္ဘာအနှံ့က Box Office မှာ ဒေါ်လာ ၃၁၅ သန်းကျော်နဲ့ ယနေ့တိုင် နာမည်ကြီးနေဆဲပါ။ Rating ကပ်စီးနည်းလွန်းလှတဲ့ ရုပ်ရှင်ဂုရုကြီး ရော်ဂျာအက်ဘာ့တ်ကတောင် “သူ လူတွေကို ကယ်မကယ်တော့ မပြောတတ်ဘူး။ ရုပ်ရှင်လောကကိုတော့ ကယ်သွားတာပဲ” လို့ ရယ်စရာ ပြောလိုက်ပါသေးတယ်။ ဇာတ်လိုက်ကျော်သမ္မတက အင်ဒီယာနာဂျုံးစ်ရုပ်ရှင်တွေနဲ့ စွန့်စားခဲ့တဲ့ ဟယ်ရီဆင်ဖို့တ် တဲ့ဗျာ။ ဗီလိန် ဂယ်ရီ အိုးမင်းက ဘယ်သူလဲဟုတ်လား။ ဟယ်ရီပေါ်တာထဲက ဆီးရီးရပ်စ် ဘလက်လေ။ ဒါရိုက်တာ မကောင်းမှာ စိုးလို့လား။ အင်းလေ ဘရက်ပစ်ပါတဲ့ TROY ကို ရိုက်တဲ့ ဒါရိုက်တာလို့ မပြောတော့ပါဘူး။ ကဲ ဘာကျိနာလဲ ဒေါင်းတော့လေ။ Translate by:Phyo Ko Ko Review & Encode by: Waiyan Philip Size :900MB Quality 1080P HD Credit by goldchannelmovie
2 years ago
2:00:35
My War (2016)မြန်မာစာတန်းထိုး My War ဟာ (၂၀၁၆)ခုနှစ်အတွင်း တရုတ်ရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံစစ်ပွဲမှာ တရုတ်တို့ ပါဝင်ပတ်သက်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းအပေါ် အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဆိုပါ ကိုရီးယားစစ်ပွဲအတွင်း တောင်ကိုးရီးယားဘက်မှာ အမေရိကန်ရှိနေချိန်မှာ မြောက်ကိုရီးယားဘက်ကနေ တရုတ်က စစ်ကူတိုက်ပေးခဲ့ရတာပါ။ ဒီစစ်ပွဲမှာ တရုတ်တို့ ဘာကြောင့် ပါဝင်ခဲ့ရသလဲဆိုတာကို သေချာရှင်းပြပြီး ဇာတ်လမ်းကို စဖွင့်ပါတယ်။ အဲဒီနောက်မှာတော့ ကပ္ပတိန် Meng (Wang Luodan) ဦးဆောင်တဲ့ စစ်ကူအဖွဲ့နဲ့ Sun Beichuan (Liu Ye) ဦးဆောင်တဲ့ စစ်ကူအဖွဲ့နှစ်ဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံကို ရထားလမ်းမှတဆင့် သွားခဲ့ကြပါတယ်။ ဒါပေမဲ့ တရုတ်စစ်ကူအဖွဲ့ဟာ ခရီးအဆုံးကိုမရောက်ခင် အမေရိကန်တပ်ဖွဲ့တွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ကြုံတွေ့ရတဲ့အခါမှာတော့.... The Messenger ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Oxide Pang က ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Liu Ye, Wang Luodan, Huang Zhizhong နဲ့ Tony Yang တို့ ပါဝင်အားဖြည့်ထားတဲ့ My War ဟာ မထွက်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီကားမှာ စစ်ပွဲရဲ့ နှလုံးသည်းပွတ် အခိုက်အတန့်တွေဖြစ်တဲ့ အပစ်အခတ်နဲ့ ဗုံးပေါက်ကွဲခန်းတွေ၊ စစ်သားတွေရဲ့ အမိန့်နာခံမှု၊ သစ္စာရှိမှုနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက ညီအစ်ကိုသံယောဇဉ်တွေကို ပရိသတ်တွေအနေနဲ့ ခံစားကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ IDMb 6.2 ရရှိထားတဲ့အပြင် ဝေဖန်သုံးသပ်သူတွေကြားမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့ ချီးကျူးမှုတွေရရှိထားလို့ စစ်ကားကြိုက်သူတွေသာမက သာမန်ရုပ်ရှင်ပရိသတ်တွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ Review by Phyoe Ko Ko Translate by Yee Mon Khaing Encoded by Hein Min Htet Quality-HD 1080p Size-880mb Credit by goldchannelmovie
3 years ago
1:40:28
Company Of Hero (2013) မြန်မာစာတန်းထိုး ====================================== ကဲ ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် စစ်ကားကောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်မှာဖြစ်ပြီး လူငယ်တွေ အနေနဲ့ဆိုလည်း ဇာတ်ကားကို မကြည့်ဖူးတောင် ဂိမ်း နဲ့ တော့ စိမ်းမယ်လို့ မထင်ဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဒုတိယ ကမ္ဘာစစ်အတွင်း ရှေ့တန်း ဂျာမနီစစ်မြေပြင် မှာ အမေရိကန်စစ်သားတွေဟာ ဟစ်တလာ ရဲ့ ထိုးစစ်ဆင်မှုကြောင့် အရှုံးကြီး ရှုံးပြီး အထိနာခဲ့ကြပါတယ် ဒီလိုနဲ့ စုံစမ်းကြည့်တော့ သူတို့ ရှုံးရတာဟာ ဟစ်တလာ ရဲ့ ဆန်းသစ်ထွင်ထားတဲ့ လက်နက်ကြောင့်ဆိုတာ သိရှိခဲ့ပြီး သူတို့ အနေနဲ့ ဘယ်လိုတွေ တိုက်ခိုက်ကြမယ်ဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ကြပါတော့လား ဗျာ Credit by channelmyanmar.org
3 years ago
1:50:10
Act of Valor (2012) မြန်မာစာတန်းထိုး ၂၀၁၂ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Mike McCoy နဲ့ Scott Waugh တို့က ရိုက်ကူးခဲ့ပါတယ်။ အမေရိကန် Navy SEALs တပ်ဖွဲ့ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ ထူးခြားချက်များစွာ ရှိနေပါတယ်။ ပထမတစ်ချက်ကတော့ Navy SEALs တပ်ဖွဲ့ဝင်တွေ ရဲ့ လှုပ်ရှားမှုကို Navy SEALs တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် သရုပ်ဆောင် စေခဲ့တာပါ။ နောက်တစ်ချက်ကတော့ ရိုက်ကူးမှု အများစုဟာ ဆက်တင်ဆင်ပြီး ရိုက်ကူးခဲ့တာမဟုတ်ဘဲ ပြင်ပမှာ အမှန်တကယ်လှုပ်ရှားနေတဲ့ စီမံချက်တွေထဲ ဝင်ရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ကင်မရာ အသုံးပြုမှုအပိုင်းမှာလည်း ထူးခြားမှုရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ပုံမှန်အသုံးပြုနေကျ ကင်မရာတွေကို မသုံးဘဲ Canon EOS 5D Mark II ကင်မရာတွေကို အသုံးပြုခဲ့ပါတယ်။ ရိုက်ကူးရေးသမားတွေဟာ Navy SEALs တပ်ဖွဲ့ဝင်တွေနောက်ကို Canon EOS 5D Mark II ကင်မရာတွေနဲ့ လိုက်ပါရိုက်ကူး ပြီး လှုပ်ရှားမှုမှန်သမျှကို ရယူခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုကို ၂၀ဝ၇ ခုနှစ်မှာ စခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှု စချိန်ကတည်းက Navy SEALs တပ် ဖွဲ့ဝင်တွေနဲ့ အနီးကပ်ဆုံးနေထိုင်ပြီး ဖန်တီးမှုစခဲ့တာပါ။ နာမည်ကျော် သရုပ်ဆောင်တွေကို အသုံးမပြုခဲ့တဲ့ အပြင် ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ Navy SEALs တပ်ဖွဲ့ဝင်တွေရဲ့ နာမည် ကို မှတ်တမ်းတင်ခြင်း မပြုခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ Navy SEALs တပ်ဖွဲ့ အတွက် တပ်သားသစ် စုဆောင်းရေးမှာ အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိခဲ့ပါတယ်။ ဇာတ်ကားရဲ့ အဖွင့်ပိုင်းကို Navy SEALs တပ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Dave ရဲ့ နောက်ခံစကားပြောနဲ့ စခဲ့ပါတယ်။ သားဖြစ်သူရဲ့ သူငယ်ချင်းကို ပြန်ပြောဟန်နဲ့ ပြောနေခဲ့တာပါ။ မူးယစ်ဆေးဝါး အ ကြောင်း၊ စွမ်းရည်သတ္တိ၊ ဂုဏ်ပြုခံထိုက်ဖို့ အတွက် စည်းမျဉ်းစည်းကမ်းတွေ အစရှိ တာတွေကို ပြောခဲ့ပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံအမတ်၊ သူ့ရဲ့သား၊ နောက်ပြီး ဒါဇင်ချီတဲ့ကလေးတွေ အကြမ်းဖက်တိုက် ခိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို ပြခဲ့ပါတယ်။ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်း ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးကုန်တာပါ။ ဒီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူကAbu Shabal ဆိုတဲ့ ချေချင်ညာ အကြမ်းဖက် သမားတစ်ဦးဖြစ် ပီး ရုရှနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားသူ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အကြမ်းဖက်သမား၊ မူးယစ်ရာဇာစတဲ့ ဇာတ်ကောင်တွေပေါ်လာခဲ့ပြီး သူတို့နောက် ကို CIA က နောက်ယောင်ခံခဲ့ပါတယ်။ စစ်ဆင်ရေး အပိုင်းကို Navy SEALs တပ်ဖွဲ့ဝင်တွေက ဘယ်လို တာဝန်ယူခဲ့ကြတယ် ဆိုတာကို ဒီဇာတ်ကားမှာ တွေ့ရမှာပါ။ IMDB 6.5 ရရှိပြီး 1h:50mins ကြာမြင့်ပါတယ်။ Credit
3 years ago
1:30:25
Europa Report (2013) မြန်မာစာတန်းထိုး ====================================== IMDb Rating 6.5 ရရှိထားပြီး သိပ္ပံ ဗဟုသုတ ရခြင်တဲ့သူတွေ စကြ၀ဠာကြီးကိုစိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တကားကိုတင်ပေးလိုက်ပါတယ် Europa Project ရဲ့ CEO ဒေါက်တာUnger ဟာ ဂျူပီတာဂြိုလ်ရယ် လ ရယ် ဆက်စပ်မှုနဲ့ အတူ သက်ရှိတွေကို ဖြစ်တည်မှုဆက်စပ်နေမှုကိုပါ လေ့လာဖို့ ဆန္ဒရှိနေသူတစ်ဦးဖြစ်ပြီး တစ်နေ့မှာ Space Ship တစ်စီးကို လေ့လာဖို့အတွက်လွတ်လိုက်ပါတယ် ဒီလိုနဲ့ လေ့လာပြီး ၆လအကြာမှာ မုန်တိုင်းတစ်ခုနဲ့တိုးမိပြီး အာကာသယာဉ်ဟာ ချို့ယွင်းသွားခဲ့ပါတယ် အင်ဂျင်နီယာ ၂ယောက်ဖြစ်တဲ့ Blok နဲ့ Corrigan ဟာ ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားခဲ့ကြပြီး သူတို့ ၂ယောက်က ပြင်ဆင်နိုင်ခဲ့လား ဘယ်လိုတွေများဆက်လက်ကြုံတွေ့ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှူရမှာပါ Martian ကိုကြိုက်နှစ်သက်မိရင် ဒီကားကိုလဲ ကြိုက်ကြလိမ့်မယ်ဆိုတာ ရဲရဲကြီးအာမခံလိုက်ပါရစေတော့ဗျာ (ဒေါင်းဖို့လင့်ကို First မန့်မယ် တင်ပေးထားတယ်နော် သိလား :P ) Credit by www.channelmyanmar.org
3 years ago