Top Ten

Product/Service

a brand that you can trust

19:12
စိတ်ကူးချိုချိုဦးစန်းဦးရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ စာအုပ်ဈေးကွက်ရောင်းအားကျနေတဲ့ အချိန်မှာ ရှားပါးပြီး တစစီပြန့်ကျဲနေတဲ့ စာတွေကို စာအုပ်ထူကြီးတွေအဖြစ် ပြန်လည် အရဲစွန့်ထုတ်ခဲ့တဲ့ တိုက်တွေထဲမှာ စိတ်ကူးချိုချိုစာအုပ်တိုက်က ထင်ရှားတဲ့ တိုက်တစ်တိုက်ပါ။ စာအုပ်ဈေးရောင်းပွဲတွေလုပ်ပြီး စာဖတ်သူတွေက ထုတ်ဝေရေးကနေ တိုက်ရိုက်ဝယ်နိုင်အောင် ၊ လျှော့ပေးတာမို့လို့ စာအုပ်မဖြစ်မနေ ဝယ်မယ်ဆိုတဲ့ အတွေးတွေ ဖြစ်လာအောင် စိတ်ကူးအသစ်တွေနဲ့ သူ့ရဲ့ စိတ်ကူးချိုချိုစာအုပ်တိုက်ကို ဦးစန်းဦးက တည်ထောင်ခဲ့တာပါ ။ စီးပွားရေးသိပ်မဆန်လှဘဲ ဝါသနာကိုအရင်းတည်ပြီး လုပ်ရတဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို ဂုဏ်သိက္ခာအရရော၊ ငွေကြေးအရပါ အောင်မြင်အောင် ထူထောင်နိုင်ခဲ့တဲ့ ဦးစန်းဦးက ဖြတ်သန်းခဲ့တဲ့ အချိုးအကွေ့တွေကို ပြောပြပေးထားပါတယ်။ Via7Day TV #Entrepreneur #Toptenteam
1 year ago
13:11
IGE Group CEO ဦးသန်းဝင်းဆွေရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ ဝန်ထမ်းတစ်ယောက် အဖြစ်ကနေ မြန်မာနိုင်ငံက ထိပ်သီးစီးပွားရေးလုပ်ငန်းအုပ်စုကြီးတစ်ခုဖြစ်တဲ့ IGE ရဲ့ Group CEO အဖြစ် တာဝန်ယူနေသူက ဦးသန်းဝင်းဆွေပါ။ မိဘတွေရောကိုယ်တိုင်ပါ စီးပွားရေးအသိုင်းအဝန်းကမဟုတ်ခဲ့သလို ပညာနဲ့ပဲ အသက်မွေးလိုခဲ့တဲ့ ဦးသန်းဝင်းဆွေက သူ့ရဲ့ ပထမဆုံးဝင်ငွေရတဲ့အလုပ်ကို မန္တလေးကကျောက်လောကမှာလုပ်ကိုင်ရင်း စတင်ခဲ့တာပါ။ ရန်ကုန်ဆင်းလာပြီး လိုအပ်တဲ့ပညာတွေဖြည့်ရင်း Marketing Manager တစ်ယောက်အဖြစ်ကနေ ကုမ္ပဏီဝန်ထမ်းဘဝကိုစခဲ့တဲ့ ဦးသန်းဝင်းဆွေက အချိုးအကွေ့တွေကို ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ ပြောပြပေးထားတာပါ။ Via7Day TV #Entrepreneur #Toptenteam
1 year ago
16:29
မြန်မာ့သြဘာ ဦးသတိုးဟိန်းရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချိုးအကွေ့တွေအကြောင်း ပြောပြမယ့်သူက မြန်မာ့သြဘာရဲ့ တည်ထောင်သူ ဦးသတိုးဟိန်းပါ။ ရထားနဲ့ ခရီးသွားရင်း လမ်းတစ်လျှောက်မြင်ရတဲ့ စိုက်ခင်းကို မြင်တွေ့ပြီးတဲ့အခါ သူ့ဘဝရဲ့ အချိုးအကွေ့တွေ ဘယ်လိုဖြစ်သွားသလဲဆိုတာကို ဦးသတိုးဟိန်းက ပြောပြပေးထားပါတယ်။ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ တစ်ရွာဝင်တစ်ရွာထွက် လိုက်လံရောင်းချပြီးတဲ့ နောက်မှာတော့ ဒီနေ့ တစ်နိုင်ငံလုံးလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနိုင်မယ့် စိုက်ပျိုးရေးသုံးစက်ရုံတွေကို ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Via7Day TV #Entrepreneur #Toptenteam
1 year ago