သတင်းစုံ
Computers & Internet Website
သတင်းစုံ page ကိုအားပေးသူအပေါင်းကိုအထူးကျေးဇူးတင်ပါသည်
1:33
မင်္ဂလာပါရှင့် သက်မွန်ရဲ့ ချစ်ပရိသတ်တွေအတွက် Apple က မြန်မာပြည်မှာ Apple Authorized Product တွေကို တရားဝင်ဖြန့်ချီခြင်း အမှတ်တရအနေနဲ့ iPhone 📱ရဲ့ နောက်ဆုံးထွက် မော်ဒယ်တွေထဲကတခုဖြစ်တဲ့ iPhone Xs (64 Gb) အသစ်တလုံး မဲဖောက်ပေးချင်ပါတယ်ရှင့်။ 💛သက်မွန်ကို ချစ်ခင်တဲ့၊ သက်မွန်က ချစ်ရတဲ့သူတွေအတွက် အမှတ်တရလေးပေါ့။ 💛💛💛 သက်မွန် မဲဖောက်ပေးမယ့် iPhone Xs လေး ရယူဖို့ မည်သူမဆို ပါဝင်နိုင်ပါတယ်နော်။💛📱 စည်းကမ်းချက်က တခုပါပဲ။ ဒီပို့စ်လေးကို Like & Public Share လုပ်ရပါနော်။ ပြီးရင် ဒီပိုစ့်အောက်မှာ မိမိ Share ထားတာလေးကို Screenshot ရိုက်ပြီး Comment မှာ မန့်ပေးရမှာ ဖြစ်ပါတယ်ရှင်။ အားလုံးပဲ ကံကောင်းကြပါစေရှင့် ❤️ သက်မွန် အခုလိုလက်ဆောင်ပေးတဲ့ Campaign လေးတွေတိုင်း သက်မွန် ကိုယ်တိုင်စကားပြောထားတဲ့ video clip လေးတွေနဲ့ပဲ ပြုလုပ်ပေးပါမယ်နော်။ သက်မွန်ဓါတ်ပုံတွေနဲ့ ဘာပေးမယ် ညာပေးမယ် ဆိုတဲ့အတုဖန်တီးထားတာတွေကို မယုံဖို့ အသိပေးပါရစေနော် ဒီအစီအစဉ်လေးကို 3.2.2019 နေ့ ည 10 နာရီထိ နောက်ဆုံးထား ပါဝင်နိုင်ပါတယ်နော် မဲပေါက်ခဲ့ရင် ဖုန်းကို အိမ်အရောက်ပို့ပေးလိုက်မယ်နော် https://www.facebook.com/209260995781923/posts/2471653542875979/
25 days ago
0:29
၂၁ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။ ပုသိမ်မြို့က ဈေးလေးမီးပွိုင့် မှာ ယဉ်ထိန်းရဲ တစ်ဦးက လူသုံးဦးစီးနင်းလာတဲ့ ဆိုင်ကယ်ကို ဖမ်းဆီးမှုကြောင့် ဆိုင်ကယ်ပေါ်မှာ တစ်ဦးလွှင့်စင်ကျကျန်ခဲ့ပုံ ဗီဒီယိုဖိုင် facebook လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ် ။ လိုတရ ဆိုတဲ့ facebook သုံးစွဲသူတစ်ဦးက တင်ခဲ့တာဖြစ်ပါတယ် ။ ဒီနေ့ မွန်းလွဲပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် နဲ့ပါတ်သက်ပြီး facebook အသုံးပြုသူများက မှတ်ချက်ပေးခဲ့ကြရာ ဆိုင်ကယ်မောင်းပြေးသူတွေကို အပြစ်တင်သူတွေ ရှိသလို ယဉ်ထိန်းရဲကို အပြစ်တင်သူတွေလည်း ရှိပါတယ် ။ ( လိုတရ facebook စာမျက်နှာမှာ တင်ထားသော ဗီဒီယိုဖိုင်ကို တဆင့်ကူးယူဖေါ်ပြပါသည်။) Delta News Agency
2 months ago
12:52
ဒုရဲမှုးနဲ့ အုပ်ချုပ်ရေးမှုးတို့ ပြည်သူအပေါ် ဆက်ဆံပုံတဲ့ ... ဒါတောင် သူခိုးဂျပိုး မဟုတ်သေးဘူးနော် ဘဏ်ဝန်ထမ်း ဖြစ်နေလို့ သက်သာတာ ... လုပ်ပိုင်ခွင့်ကို တလွဲ အသုံးချနေတဲ့ အာဏာရူးဆိုတာ အဲ့လိုလူတွေပဲ ... ဧရာဝတီဘဏ်ဝန်ထမ်းကို အုပ်စုဖွဲ့ ထိုးကြိတ်သည့် ကော့သောင်းမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ CCTV ဗီဒီယိုဖိုင် ၂ ခု ပျံ့ နှံ့ နေ ------------------------- ---------------- ဒု-ရဲမှူးတစ်ဦးလည်းပါဝင်သည်ဟု ကနဦးသတင်းသိရှိရ ---------- ------- --- ( ဗီဒီယိုဖိုင် -၁၊ ၄မိနစ် ၂၃ စက္ကန့်  ) တနင်္သသာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရှိ ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ဧရာဝတီဘဏ်ဝန်ထမ်းအမျိုးးသားတစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်သည့် ဗီဒီယိုဖိုင် ၂ ခုမှာ ယမန်နေ့  ညနေပိုင်းမှစ၍ လူမှု့ ကွန်ရက်တွင် ပျံ့ နှံ့ လာသည်။ ဧရာဝတီဘဏ်တွင် ATM စက်တွင် ငွေလာထုတ်ရာမှ လိုင်းကျနေသည့်အတွက် အုပ်ချုပ်ရေးမှူးနှင့်ပါဝင်လာသူများက ဝန်ထမ်းကို ထိုးကြိတ်ရိုက်နှက်နေသည့် ဖြစ်စဉ်ကို CCTVဗီဒီယိုမှတ်တမ်းနှင့်အတူ Chit Ko အမည်ရ Facebook အသုံးပြုသူက ပို့ စ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် ဒုတိယရဲမှူးအဆင့်ရှိသူတစ်ဦး လည်း ပါဝင်နေသည်ဟု ကနဦးသတင်းများအရ သိရသည်။ ဖြစ်စဉ်ကို အတည်ပြုနိုင်ရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ မှ မြို့ နယ်အုပ်ချုပ်ရေးမှူးတစ်ဦးထံသို့  The Ladies News မှ ဆက်သွယ်ခဲ့သော်လည်း လတ်တလော ဆက်သွယ်၍ မရသေးပါ။ မူရင်းပို့ စ်တင်သူရေးသားထားမှု့  ------ -------- ------- ---------- ကော့သောင်းမြို့ အဏ္ဏ၀ါရပ်ကွက်က အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးကျော်ဇောမြင့်ရဲ့  မူးရူးရိုင်းကားတဲ့ လုပ်ရပ်ကို ကြည့်ကြပါဦး။ ဧရာဝတီဘဏ်မှာ ပိုက်ဆံလာထုတ်ချိန်တွင် ATM စက်လိုင်းကျ၍ ထိုင်စောင့်နေစဉ် အုပ်ချုပ်ရေးမှူးဘက်က လူအများက ဘုမသိဘမသိဘဲ ကောင်လေး (ဧရာဝတီဘဏ်ဝန်ထမ်း)တယောက်ကို အပြစ်မရှိဘဲ ၀ိုင်းဝန်းထိုးကြိတ်အနိုင်ကျင့်ခြိမ်းခြောက်ကြပါတယ်။ အဲဒီထဲမှာမှ ဒုရဲမှူး ဦးဟန်ဘိုဘိုထွန်းလဲ ပါဝင်ပါတယ်။ မျက်မြင်သက်သေ CCTV လဲ ပါဝင်ပါတယ်။ သက်သေ လူ(၇)ဦး လဲ ရှိပါတယ်တဲ့။ အပြစ်မရှိဘဲ ဘလိုင်းကြီး ၀င်ရိုက်သွား။ အဏ္ဏ၀ါအုပ်ချုပ်ရေးရဲ့ စရိုက်ကို CCTV မှာ ကြည့်ကြပါလားခင်ဗျား။ ခုံကျိုးအောင်လဲ ရိုက်ပါသေးတယ်။ အဲ့ဒီနေရာမှာသူသာဆိုရင်စိတ်နဲ့ ခံစားကြည့်ကြည့်ပါလားဟာ။ ကျန်တဲ့လူတွေကိုလဲ ခြိမ်းခြောက်ထားတော့ ဘာမှမလုပ်ရဲကြဘူးဖြစ်နေကြတယ်။ အမှူ အမြန်ဆုံး အရေးယူနိုင်ပါစေလို့ ဆုတောင်းပါတယ်နော်။ Video Creditး Chit Ko The Ladies News ZN.H 🇦🇺
3 months ago
11:25
သိန်း ၅၀၀၀ ပိုင်ရှင်အစစ် ပေါ်လာပါပြီ တဲ့ 😱😍 FB မှာ ပြန့် နေတာ အတု တဲ့ ! ပဲခူးတိုင်း က၀မြို့နယ်​ သပြု​ကျေးရွာ သိန်းငါးထောင်ကံထူးရှင်၏ရင်တွင်းစကား 👍 ☝️သိန်းငါးထောင် အဖြစ်အမှန်ပေါ်ပေါက်လာပါပြီ။ အများသိအောင် Share လိုက်ပါ။ သိန်းငါးထောင်ကိစ္စရပ် ကဌ-179956 ဆုပိုင်ရှင်ကိုယ်တိုင် မိုးယံမှာသို့ လာရောက်ဆက်သွယ်ပြီးပါပြီ နောက်ပြီး ခုလက်ရှိဖြစ်ပေါ်နေသော သိန်းငါးထောင်ထီလက်မှတ် စုတ်ပြဲသွားသည်ဆိုသည်မှာ လုံးဝ မမှန်ကန်ပါကြောင်း။ နောက်ထပ်ပြီး ထီလက်မှတ်ပြဲနေသော ကာယံကံရှင် ဗီဒီယိုဖိုင် များနှင့် မီဒီယာတစ်ချို့ ပေါ်တွင်ဖော်ပြထားသော ဖုန်းနံပါတ်အစစ် အမှန်အားဆက်သွယ်မေးမြန်ရာတွင်လဲ ဖုန်းပိတ်ထားခြင်းသာဖြစ်နေပါသည်။ စုတ်ပြဲသွား သည့် ထီဂဏန်းနံပါတ်ဟာမည်သည့်နံပါတ်ဆိုသည် မှာမသိရပေမဲ့  သိန်းငါးထောင် ဆု နှစ်ဆုလုံးဟာ ထုတ်ယူပြီဖြစ် ပါကြောင်း သတင်းရရှိပါသည်။ အချို့ ချို့ မီဒီယာများတွင်ဖော်ပြထားသောအချက်အလက်မှာ မိုးယံမှဆက်သွယ်လာသည် ဆိုသည့်သတင်းများမှာလဲမှားယွင်းပါကြောင်း ယခု ဖြစ်နေသော ကဌ-179956 မှာလဲ စောင်ရေ (၂၀)အင်တာနက် မှ ဖြစ်ပြီး မည်သည့်ထီလက်မှတ်မှ စုတ်ပြဲချင်းမရှိပါ ... မိုးယံ Page ☝️☝️☝️👇👇👇👇👇 https://www.facebook.com/Moeyanlottery/
4 months ago
1:16
အမူးသမားတွေကိုစစ်ဆေးဖို့သွားစဉ် အမူးသမားတွေဝိုင်းထိုးလို့ ရဲအရာရှိတစ်ဦးဒဏ်ရာရ မကွေး၊သြဂုတ် ၁၇ မကွေးမှာ အရက်သေစာသောက်သုံးပြီး မူးယစ်ရမ်းကားနေတယ်ဆိုတဲ့တိုင်တန်းချက်ရလို့ သွားရောက်စစ်ဆေးခဲ့တဲ့ရဲသုံးဦးကို အဆိုပါအမူးသမားတွေက ပြန်လည်ထိုးကြိတ်လို့ ရဲအုပ်တစ်ဦး ဆေးရုံရောက်ခဲ့တယ်လို့ မကွေးမြို့မရဲစခန်းကပြောပါတယ်။ အထက်ပါဖြစ်စဉ်ဟာ သြဂုတ်လ ၁၆ရက်နေ့ည ၉နာရီကျော်အချိန်ခန့်က မကွေးတိုင်း၊သိင်္ဂါရပ်ကွက်၊မြို့ရှောင်လမ်းနားက စားသောက်ဆိုင်တစ်ခုနားမှာ ဖြစ်ပွားခဲ့တာပါ။ အမည်မသိလူတစ်စု မြို့ရှောင်လမ်းမှာ မူးယစ်ရမ်းကားနေတယ်လို့ မကွေးမြို့မရဲစခန်းကို တိုင်ကြားလာတာကြောင့် မကွေးမြို့မရဲစခန်းက တာဝန်ကျ ရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားနှစ်ဦးတို့ဟာ အ ဆိုပါ နေရာကိုသွားရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်း၊ သွားရောက်စစ်ဆေးပြီး ရဲအုပ်က အဆိုပါ မူးယစ်ရမ်းကားနေသူတွေကို အိမ်သို့ကောင်းမွန်စွာပြန်ကြဖို့ ပြောဆိုရာ လက်မခံပဲ တိုက်ခိုက်လာတယ်လို့ စခန်းရဲ့တာဝန်ကျတာဝန်မှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ အမူးသမားတွေက ၀ိုင်းဝန်းတိုက်ခိုက်ချိန်မှာ ရဲတပ်သားနှစ်ဦးက စားသောက်ဆိုင်ထဲကို ၀င်သွားပြီး ပြည်သူတွေကို အကူအညီတောင်းခံခဲ့ကြောင်း ၊ အဆိုပါ အချိန်မှာ အမူးသမားတွေ လက်ချက်နဲ့ ရဲအုပ်ဟာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အမူးသမားတွေ ရဲ့ ၀ိုင်းထိုးကြိတ်မှုကြောင့် ရဲအုပ်ဟာ ဘယ်ဘက်မျက်ခုံးပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ဘက်မျက်ခွံပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ပါးဖူးယောင်ဒဏ်ရာတစ်ချက်တို့ရရှိပြီး မကွေးတိုက်နယ်ဆေးရုံဆီ အမြန်ဆုံးပို့ကာ အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ရတယ်လို့ မကွေးမြို့မရဲစခန်းကပြောပါတယ်။ "လက်သီးနဲ့ပဲထိုးကြတာပါ။ မျက်လုံးနားဆိုတော့စိုးရိမ်ရတာပေါ့။ ရဲတပ်သားနှစ်ဥိးကပွန်းပဲ့ဒဏ်ရာလောက်ပဲရတာပါ။ ရဲအုပ်ကတော့ဆေးရုံက ပြန်ဆင်းလာပါပြီ။ တရားခံနှစ်ဦးကိုညတွင်းချင်းဖမ်းမိထားပါတယ်"လို့ မကွေးမြို့မရဲစခန်းကပြောပါတယ်။ လက်ရှိမှာ မူးယစ်ရမ်းကားပြီး တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကိုထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ အရပ်သား၂ဦးကို (ပ)၉၁၂၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃နဲ့ မကွေးမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ သီဟ Photo - Myat Thu Hein Popular Nwes
6 months ago
0:20
ကျွန်မ ဒေါ်ကေသီဦးပါ ဇင်မာဦး ရဲ့အမဖြစ်ပါတယ် အခု online ပေါ်မှာတွေ့ရှိနေတဲ့ ခင်မာညို(ခ)ခင်မာမြင့် ထွက်ချက်တွေကမဟုတ်မမှန်တဲ့အတွက် ပြန်လည်ဖြေရှင်းခြင်းဖြစ်ပါတယ်။ ကျမအမေက သူတို့ပြောသလို မျက်စိမမြင် နားကန်းတယ်ဆိုတာမဟုတ်ပါဘူး ကျမအမေက အသက် ၈၃ နှစ်ရှိပါပြီ အသက်အရွယ်ကြောင့် မှတ်ညဏ် ချို့ယွင်း တာပဲဖြစ်တာပါ နားလည်းကောင်းတယ် မျက်စိလည်းကောင်းပါတယ်၊ သူကပွဲစားမပါဘူး သူ့အဒေါ်နဲ့လာတာလို့ပြောတယ်အဲ့ဒါလည်း မဟုတ်ပါဘူး ကျမကိုယ်တိုင် ထွန်းတောက် အကျိုးဆောင်ကို ဖုန်းဆက်ပြီး ရှာခိုင်းတာပါ၊ကျမကို ထွန်းတောက်အကျိုးဆောင်ကပွဲစားဒေါ် ညို ရဲ့ ဖုန်းနံပါတ်ရှိတာနဲ့ ဖုန်းဆက်လိုက်တာ ခင်မာညို ရှိတယ် အရင်လည်း တစ်လအိမ်မှာ လုပ်သွားတာပဲဆိုလို့လုပ်ဖူးတဲ့လူမို့ခေါ် လိုက်တာပွဲခ တစ်သိန်းခွဲ ပေးပြီးခေါ်လိုက်တာလေ သူအခုတစ်ခေါက်အလုပ်မဝင်ခင် ကြားထဲမှာ ၂လပဲခြားပါတယ် ယောက်ကျားနေမကောင်းဘူးဆိုပြီးပြန်သွားတာလေ မလုပ်ဖူးဘူးဆိုတာလိမ်တာပါ သူတို့ဘက်ကပဲ ပွဲစားဒေါ်ညိုကိုယ်တိုင် သက်ဆိုင်ရာလူကြီးတွေနဲ့ သိန်းတစ်ရာ လာတောင်းတယ်လေ အဲ့တာကောထည့်မပြောဘူးလား သက်သေတွေအကုန်ရှိတယ် #ကျမ အမေ နားကောင်းမကောင်း မျက်စိမြင်မမြင်စကားပြောနိုင်မနိုင်ဆိုတာ အဲ့ video file ကသက်သေပါပဲ။ credit to Kay Thi Oo #သတင်းစုံ
7 months ago
3:18
သီဟတင်စိုးရဲ့နေအိမ်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က စတင်ပြီး အိမ်အကူအဖြစ် ၀င်ရောက် လုပ်ကိုင်နေတဲ့ အသက် ၄၀ အရွယ် မခင်မာမြင့်လို့ခေါ်တဲ့ အမျိုးသမီးကို အဓမ္မကျင့်တယ်လို့ တိုင်တန်းမှုရှိခဲ့တာကြောင့်အရေးယူဆောင်ရွက်မှုတွေပြုလုပ်ထားတယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းကသိရပါတယ်။ဖြစ်စဉ်ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ မှာ မခင်မာမြင့်ဟာ သီဟတင်စိုးရဲ့ဇနီးဖြစ်သူ နဲ့ သားဖြစ်သူအပြင်ကို ထွက်ခွာသွားတဲ့ အချိန် နေအိမ်အတွင်း ည ၈ နာရီလောက်မှာ သူရဲ့ အလုပ်တွေပြီးလို့ သူနေရာက ကုတင်ပေါ်မှာ ထိုင်နေတဲ့ အချိန် သီဟတင်စိုးရောက်ရှိလာပြီး အနောက်ကို တွန်းလှဲပြီး ၁၅ မိနစ်ကြာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းကဆိုပါတယ်။အဓမ္မပြုကျင့်နေစဉ် မခင်မာမြင့်က ပတ်ဝန်းကျင်ကို အကူအညီတောင်းပေမယ့် မိုးများရွာနေတာကြောင့် ဘယ်သူမှမကြားနိုင်ခဲ့ကြောင်း၊ အဲ့ဒီနောက် သီဟတင်စိုးက အခြားသူတွေကိုပြန်ပြောရင် သတ်မယ်လို့ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။အဲ့ဒီနောက် သီဟတင်စိုးရဲ့ဇနီးနဲ့သားပြန်ရောက်လာပေမယ့်လည်းခြိမ်းခြောက်ထားတာကြောင့် မပြောပြရဲဘဲ အိပ်ရာဝင်ခဲ့ရပြီးနောက်တနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ ကျောက်မြောင်းမှာ တည်းခိုနေထိုင်တဲ့ အဒေါ် ၂ ၀မ်းကွဲဖြစ်သူ ဒေါ်ညိုကိုအကျိုးအကြောင်းပြောပြပြီး လာရောက်အမှုဖွင့်တိုင်တန်းထားတာလို့ ဆိုပါတယ်။“ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးဟုတ်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။”လို့ သုဝဏ္ဏနယ်မြေရဲစခန်းက ဒုရဲအုပ်ကျော်မင်းသူ ကပြောပါတယ်။ Credit- Duwun #သတင်းစုံ
7 months ago
6:22
981037965384914
11 months ago
0:17
12 months ago